Monday, 3 October 2011

လှလှသေသူ

သေခါနီးလေး
ကြိုတင် တွေးကြည့်
စိတ်အေးချမ်းသာ
သေနိုင်မှာလော။

စွဲလန်း၍သာ
သင်-သေမှာလော
မိန်းမောတွေဝေ
သင်-သေမှာလော။

ယောင်ယမ်းလူးလွန့် 
သက်စွန့် မှာလော။
ဟစ်အော်ငြီးကာ
သေသွားမှာလော။

သက်ရှင်နေစဉ်
ကုသိုလ် ခင်မှ
သေစဉ်လှလှ
သင်-သေရလိမ့်မည်။
....ငါလည်းပါဝင်သေးသည်.......

No comments:

Post a Comment