မြတ်စွာဘုရားကသာသနာဆိုတာအဆုံးအမလိုပြောတာနော် သာသနာဆိုတာ ကိုယ်အမှုအရာ နှုတ်အမှုအရာတွေကို သင်ထားရမည် ကျင့်ထားရမည်
မြတ်စွာဘုရားက သူတပည့်တွေကသင်အပ်ပြီသောသိက္ခာရှိတယ်
ဒိဋ္ဌိတပည့်တွေက သင်အပ်တဲ့သိက္ခာမရှိဘူးတဲ့ တပည့်တော်အတူ ရှင်တော်နောင်တော်
တွေက ဘယ်လိုဖြစ်နေကျသလား သိအောင်ကိုယ်ကိုမေးကြတာပေါ့
သာသနာတော်က အမှုအရာတွေပြောင်းလာတယ်နော် တပည့်တော်ကိုပြောသလို
နောင်တော် ရှင်တော်တွေကိုလည်းပြောလိုပါ၏ ကိုယ်အမှုအရာနှုတ်အမှုအရာ
မကောင်းသရွေး တပည့်တော်တို့ သာသနာပြုဖို့နေနေသာသာ ကိုယ်ကိုသာသနာပြုရတော့မယ်နော်
နေတာ ထိုင်တာ သောက်တာ စားတာ ပြောတာ ဆိုတာ အိပ်တာတွေကိုပြောလိုရတယ်နော်
သာသနာဆိုတာ သီလ သမာဓိ ပညာတွေကို ထိန်းထိန်းသိမ်းသိမ်းလုပ်တာတွေပဲ
အခြေခံပါတယ်နော် ကိုယ်ပြောတာ ကိုယ်ဆိုတာကိုသိတတ်ပညာ
ကိုယ်ပြော ဆိုတာကိုထိန်းသိမ်းတာက သီလ
ကိုယ်ပြောတာ ဆိုတာ သိတတ်တဲ့ပညာ ထိန်းသိမ်းတတ်တဲ့သီလတွေကသမာဓိကိုရဖို့အတွက်ကြောင်းပေါ့နော်
အဲဒါကြောင့် တပည့်တော်တို့သာသနာကို တပည့်တော်တို့ မကျင့်ထားက
သာသနာကိုဘယ်လိုပြုကြမလဲ နောင်တော် ရှင်တော်တို့ရေ
ပြောလို့သာ ပြောရတာ တပည့်တော်တို ကိုယ်ကသာသနာစိတ်နည်းလာတယ်နော်
သာသနာပြုဆိုတာ သူများကိုပြောရတာ ဆိုရတာလို့မှတ်နေကျတယ်ထင်တယ်
ကိုယ်ကိုပြုရမယ်နော် တပည့်တော်လေးတစ်ခါတစ်လေ ကိုယ်အမှုအရာဆိုတဲ့
သာသနာကိုမနည်းကိုပြုနေရတာ ခတ်တယ်ဆိုတာသိပါတယ်
သို့သော်လည်း တပည့်တော်တို နောင်တော် ရှင်တော်တို့ သာသနာကိုဦးဆောင်မယ်သူတွေလည်း
ကိုယ်အမှုအရာ နှုတ်အမှုအရာသာသနာကိုမပြုနိုင်သေးဘူးလို့ တပည့်တော်ကိုတပည့်တော်သိရတဲ့စိတ်တွေပြောပြတာပါ
နောင်တော်ရှင်တော်တို့လည်းသာသနာတော်ကိုပြုစေချင်ပါတယ်
တပည့်တော်တို့ နောက်တစ်ခုက သာသနာမှာ အများအတွက်လုပ်တဲ့သူတွေက
သူတို့လုပ်တာကိုပဲ အကောင်းပဲထင်တာ အယူအဆသည်းတယ်နော် ဒါဘာဖြစ်လည်းဆိုတော့
တပည့်တော်ကိုယ်က ဖြစ်တာတွေပြောသလိုသူများလုပ်တော့မကောင်းမြင်တာက သာသနာပြုတာကို ပြောသလောက်မအောင်မြင်တာပေါ့နော်
သူများတွေဖြစ်ကိုလည်းပြောပြတာပါ နောင်တော်ရှင်တော်တွေ သိစေချင်တဲ့ဆန္ဒပါနော်
သိထားတော့ကျင့်လို့ရတာပေါ့နော် က္ကုဿာနဲ့ မစ္ဆရိယတို့လည်းတော်တော်လေး ရှေ့ကပြေးနေတယ်
မသိမသာလေကပ်လိုက်နေတာနော် အောင်မြင်ချင်တယ်ဆိုရင်တော့ ဒါကိုသိအောင်လုပ်ထားရမယ်လေ
တွေ့တဲ့အခါ ကိုယ်ကိုပြောလိုက်ပါ (ငါလိုချင်တာ ငါရပြီးထား ငါပိုင်ရဲ့လား ငါမပိုင်တာကို ငါပိုင်ထင်
ငါထင်တော့ငါလုပ် ငါလုပ်တော့ငါဖြစ် ငါဖြစ်တော့ ငါခံ) ကိုယ်လုပ်တာ ကိုယ်ခံရတာချည်းပဲ
ဘယ်သူကိုမှ အပြစ်မတင်လနဲ့ ဘာကြောင့်လည်းဆိုတော့ ကိုယ်ကဆက်ပြုတာဖြစ်သွားမယ်
အဲဒါလည်း ကံကံ၏အကျိုးတရားပါနော် နားလည်းစေချင်သည်စေတနာ
စေတနာသည်နားလည်းထား သူကပြန်ပြုစား စေတနာသည်ဘယ်သောအခါမှ ပြောင်းပြန်မဖြစ်တတ်ပါ
စေတနာသည် သူကိုယ်ကိုသူပြန်ပြုစားတယ်နော် အကျိုးပေးတယ်နော်
ငါလုပ်တဲ့အရာဟာငါပဲခံစားရမယ်နော် သူများကိုပြောတာ မိမိကိုယ်ကိုမိမိပြစ်တင်နေတာလေ
သဘောပေါက်အောင်ကြိုးစားတာ ကံကံ၏အကျိုးတရားပါပဲ
No comments:
Post a Comment