Monday, 3 October 2011

စစ်မှန်သော ဆန္ဒ

ရောင်ဝါထွန်းလင်း
ရှင်နေမင်းလို
လေးကျွန်းတစ်မြင့်မိုရ်
မလင်းလိုလဲ နေပါစေ။

ညအမှောင်ခွင့်
ဖိုးလမင်းလို
လေးကျွန်းတစ်မြင့်မိုရ်
မလင်းလိုလဲ့ နေပါစေ။

သို့ သော်ငြားလည်း
ခန်းကျဉ်းထဲ့မှာ
လင်းရောင်ဝါကို
ပေးစွမ်းနိုင်တဲ့
မီးတိုင်ငယ်လေးမျိုးတော့ ဖြစ်ချင်ပါ၏။

No comments:

Post a Comment