ဗေဒင်အဟော
သဘောတော်ကျ၊ယတြာဆင်
မကြာခင်လေး
ရွှေသူဌေး ဖြစ်တော့မလို။
လက္ခဏာဟော
သဘောတော်ကျ၊ မွေးရက်လမှာ
ရှစ်မျက်နှာဘုရား
ဓာတ်ပန်းများလှူ။သူ့အယူက
ရက် လ မကြာ
လူချမ်းသာ ဖြစ်တော့မလို။
နတ်ကတော်ပြော
သဘောတော်ကျ၊ပ- သ၇သည်
အန္တရာယ်ကင်း၊ရန်စွယ်ရှင်းပြီး
တိုက်ကြီး ကားကြီး၊စည်းစိမ်ကြီးကာ
အသက်ရာကျော် ရှည်မလို။
ပြုသမျှကံ
ပြောသမျှကံ၊ကြံသမျှကံ
ထိုထိုကံတွင်
ကောင်းကံပြုပြန်၊ကောင်းကျိုးစံ၍
ဆိုးကံပြုက၊ဆိုးကျိုးရမည်
ကမ္မသတ္တိ၊စွမ်းရည်ရှိကို
အသိမမှန်။ဖောက်ပြန်မိုက်မှား
ထိုလူစားမှာ၊သင်ပါသလား....
ငါပါသလား....ပြန်စဉ်းစား၊
သဘောတော်ကျ၊ယတြာဆင်
မကြာခင်လေး
ရွှေသူဌေး ဖြစ်တော့မလို။
လက္ခဏာဟော
သဘောတော်ကျ၊ မွေးရက်လမှာ
ရှစ်မျက်နှာဘုရား
ဓာတ်ပန်းများလှူ။သူ့အယူက
ရက် လ မကြာ
လူချမ်းသာ ဖြစ်တော့မလို။
နတ်ကတော်ပြော
သဘောတော်ကျ၊ပ- သ၇သည်
အန္တရာယ်ကင်း၊ရန်စွယ်ရှင်းပြီး
တိုက်ကြီး ကားကြီး၊စည်းစိမ်ကြီးကာ
အသက်ရာကျော် ရှည်မလို။
ပြုသမျှကံ
ပြောသမျှကံ၊ကြံသမျှကံ
ထိုထိုကံတွင်
ကောင်းကံပြုပြန်၊ကောင်းကျိုးစံ၍
ဆိုးကံပြုက၊ဆိုးကျိုးရမည်
ကမ္မသတ္တိ၊စွမ်းရည်ရှိကို
အသိမမှန်။ဖောက်ပြန်မိုက်မှား
ထိုလူစားမှာ၊သင်ပါသလား....
ငါပါသလား....ပြန်စဉ်းစား၊
No comments:
Post a Comment