ဖိုလေးလုံးဆိုသည်မှာ အများကမေးကြသည် ဘာတွေကိုပြောကြတာလဲ ဘာအတွက်ရေးတာလဲ စသည်ပေါ့
နိုင်ငံရေးကို ၈၈၈၈လေးလုံး အကြောင်းပြုရေးတာလားပေါ့ မေးလေ့ မေးထရှိပါတယ်ုသို့သော်လည်း
စာရေးသူက ပြောလိုတာက ဘယ်တွေသူ ဘာပဲပြောပြော ကိုယ်ချစ်မြတ်နိုးတဲ့ အရာဝတ္ထုကို ဦးထိပ်ထားတာ
မြန်မာပြည်သူ မြန်မာပြည်သားတွေ ပြောစရာမလိုလောက်ပါဘူး ဖိုလေးလုံးဆိုတဲ့ နာမည်လေးကိုရေးဖို့ဟာ
နိဒါန်းပျိုးနေတာပါ ဘ၀ကို အစပြုပြီး ဖြစ်လာတဲ့ မမေ့အပ်တဲ့အရာပါပဲ အဲဒါက မကွေးမြို့ရဲ့ အရှေဘက်မိုင်၂၀
နေပြည်တော်လမ်းမကြီးရဲ့ လွှဲမရတဲ့နေရာမှာတည်ရှိနေသော ဘာသာ သာသနာ လူမျိုးတို့ရဲ့ ယဉ်ကျေးမှုကို
သာသာယာယာတွေ့နိုင်တဲ့ မြန်မာပြည်ရဲ့ ကျေးရွာလေးပါပဲ ဖိုလေးလုံးဆိုတာ လောကုတ္တရာထဲ့က မဂ်ဖိုလ်
တွေ မဟုတ်တာတော့ ပြောရမှာအသေချာပါပဲ ဒြပ်ကိုစွဲ၍ဖြစ်လာသော နာမည်ပါပဲ အရှေဘက်မှာက ဖိုကြီးရွာ
ုနှင့် ဖိုငါးလုံးရွာ အနောက်ဘက်မှာတော့ ဖိုကုန်ရွာ နှင့် သံဖိုရွာတွေ ခြံရံလျှက် တည်ရှိနေသော အိမ်ခြေ (၁၀၀၀)နီးပါးရှိပါတယ် ဒါပေမယ့် စာရေးသူသည် ဘ၀ကိုအခြေပြုရာဖြစ်သော ဤဒီရွာကြီး ဘယ်နေရာပင်ရောက်ရောက် မေ့မယ်ဆိုတာ မတွေးရက်ပါဘူး ဘာကြောင့်လည်းဆိုတော့ အားနည်းသူတို့ကို
မေတ္တာသာနှင့် မက သစ္စာလည်းဆိုရဲ့ရမယ်လေ အိမ်ခြေ(၁၀၀၀)နီးပါးရှိသော်လည်း ဘာသာရေးမှာအားနည်းမှု မရှိသော် လောကသဘောအရ တစ်ခုခုတော့ အားနည်းသေးတာ သေချာပါတယ်
ဖိုလေးလုံးမှာတော့ ပညာရေး အကြောင်းလေး ဆွေးနွေးပြောပြမယ်လေ စာရေးသူသည် ခေတ်ပညာရေးကို
မတတ်နိုင်တဲ့ ဘ၀မှာနေခဲ့ရတာတော့ အသေအချာပါပဲ ဘာကြောင့်လည်း ရိုးရိုးလေးပြောမယ်ဆိုရင်တော့
အဆင်မပြေလိုပေါ့ စာရေးသူသည်သာမက စာရေးသူရဲ့ဆွေမျိုးတွေဟာ %၇၀%လောက်က မတတ်နိုင်ခဲ့ပါဘူး ဤရွာမှာ ချမ်းသာတဲ့သူတွေက အမျှော်အမြင်ပဲမရှိလိုလား ?
္မဦးဆောင်တဲ့သူတွေကပဲ ညံ့လိုလား?မေးစရာပါပဲ ပြောပြရင်တော့ အခုထိတော့ အစိုးရပညာရေးကျောင်းက အခြေခံမူလလွန်ပဲရှိသေတာ ၀မ်းနည်းစရာပါပဲ
ဖြစ်လိုဖြစ်ငြား ဆိုကြိုးစားနေရတာ အဆင်မပြေသေးပါဘူး တစ်ခါတစ်လေ စာရေးသူသည်
စိတ်ကူးယဉ်ကြည့်သေးတယ်လေ ချမ်းသာတဲ့သူက ဒို့ရွာကိုလာပြီး ပညာရေးကောင်းအောင်
လုပ်ပေးတဲ့သူ တစ်ယောက်ပေါ်ပေါက်စေလို ဖြစ်ပေါ်မလာတဲ့စိတ်ကူးတွေ တစ်ဖြေဖြေနဲ့ ကြီးထွားလာတာ

နဲ့ ကိုယ်တိုင်ဖြစ်အောင်ကြိုးစားမယ် စိတ်တွေ ဖြစ်ပေါ်လာတာဟာ ဖိုလေးလုံးဆိုတဲ့ ရွာဟာ အားဆေးတစ်ခွက်လောက် ဖြစ်ပါစေ
သတ္တ၀ါတွေရဲ့ မရှိမဖြစ်တဲ့ရေ အကြောင်းပြောမယ်လေ
အိမ်ခြေက(၁၀၀၀)နီးပါး ဖြစ်ပင်ဖြစ်ငြားသော်လည်း အညာဒေသမှာ ရေရှားတာ ဤဖိုလေးလုံးဆိုတာ
သေချာပါတယ် လက်ရှိနိုင်ငံတကာ ခေတ်မီပါတယ်ဆိုတဲ့ ပြောပင်ပြောငြားသော်လည်း စာရေးသူတို့ရွာမပါဘူး နိုင်ငံတော်က ကျေးလတ်ရွာကို ရေရအောင်လုပ်ပေးတယ်ဆိုတာ တကယ်ကော
ဟုတ်ရဲ့လားပေါ့ ဘာကြောင့်ဒီလိုပြောသလဲ ဆိုတော့ ဒီရွာကြီးကို လူဦးရေ(၅၀၀၀)ကျော်လောက်ကို
ရေ ဂါလံ ဘယ်လောက်ဆိုဖြစ်နိုင်လောက်လဲ ဒီရွာလုံးပေါင်းမှာ အင်ဂျင်စက်(၂)လုံးပဲရှိတာလေ
ဒီထက်ပြောပြရင်တော့ ၀မ်းနည်းစရာတွေပါပဲ `....................................................
စာရေးသူသည် အကျိုးကိုသယ်ပို့ဆောင်ရွက်နိုင်တဲ့သူတွေ နဲ့ အများအကျိုးကိုလုပ်နိုင်တဲ့သူတွေ ဒီစာဖတ်စေမိပါစေလို ဆုတောင်မိပါတယ်
No comments:
Post a Comment