ကိုယ့်ကျင့်တရား ကောင်းခြင်းက၊လောကကြီးကို အလှဆင်နိုင်သလို၊စိတ်ထားကောင်းခြင်းက၊မိမိကိုယ်ကို အလှဆင်နိုင်ပါတယ်။
Friday, 21 October 2011
ဘုရားဖူးအတွက် သိစရာဒေသန္တရဗဟုသုတအကြောင်း
မြတ်မဟာမြေ ဗုဒ္ဓဂယာကို ကိုယ့်ဘာသာကိုယ် သွားသင့်ပါသလား၊? (သို့မဟုတ်) အေးဂျင့်တွေနဲ့ သွားသင့်ပါသလားဆိုတာနဲ့ ကြိုတင်သိထားစရာလေးများ
ခု ဖူးတွေ့ရတာက ဗုဒ္ဓဂယာစေတီတော်မြတ်ကြီး ဖြစ်ပါတယ်...
မြတ်မဟာမြေဆိုသည်မှာ
ဗုဒ္ဓဂယာကို ဆိုလိုခြင်း ဖြစ်ပါတယ်။ ဗုဒ္ဓဂယာကို သွားရောက်ဖူးမျှော်ပြီးသော
ဗုဒ္ဓဘာသာဝင်တွေ၊ သွားရောက်ဖူးမျှော်လိုသော ဗုဒ္ဓဘာသာဝင်တွေ
အများအပြားရှိနေမှာပါ။ စိတ်ထဲ မှာ မျှော်မှန်းထားပေမယ့်
အကြောင်းအမျိုးမျိုးကြောင့် ပျက်ကွက်နေတဲ့သူတွေလည်း ရှိနေမှာပဲ။ တစ်ချို့
ကြတော့ ကိုယ့်မိဘတွေကို ရောက်ဖူးစေချင်တဲ့ စေတနာနဲ့ မိဘတွေကို
ပို့နိုင်အောင်ဆိုပြီး အလုပ်ကို ကြိုးစားလုပ်နေပြီး စရိက်စက
စုဆောင်းပေးနေတဲ့ သားသမီးတွေလည်း ရှိနေမယ်ဆိုတာ လုံးဝဥဿုံ
ယုံကြည်နေမိပါရဲ့။
စေတီတော်အတွင်းက ဗုဒ္ဓရုပ်ပွားတော်မြတ်ပါ...
တိဗက်ဘုန်းဘုန်းတွေ ထောင်နဲ့ချီပြီး ဘုရားဖူးနေကြပါတယ်။
၁၂လပိုင်းဆိုရှိပါတယ်
၁၂လပိုင်းဆိုရှိပါတယ်
တိဗက်ဘုန်းဘုန်းတွေ ဘုရားရှိခိုးကြတာ အဲဒီလို ရှိခိုးကြတာဗျာ။ ဒိုင်ဗင်ထိုးပြီး ရှိခိုးကြတယ်....
တစ်ချို့က
“ဗုဒ္ဓဂယာရောက်ဖူးပြီးရင် အပါယ်က လွတ်ပြီ”ဆိုပြီး လျှောက်ပြောတတ်ကြပါတယ်။
အဲဒီလိုတော့ လည်း မဟုတ်ရပါဘူးနော်။ အဲဒီလို လွတ်ကြေးဆိုရင် မကောင်းမှုတွေ
များများလုပ်ထားပြီးတဲ့သူတွေက အဲဒီကို သွားလိုက်ရုံပေါ့။ ဟုတ်ဖူးလားဗျာ။
သွားတာကတော့ တကယ်ကို သွားသင့်ပါတယ်။ တကယ် ကို ရောက်ထိုက်ပါတယ်။
ကိုယ်ကိုးကွယ်နေတဲ့ဘုရားရှင်ဟာ “ ဘယ်နေရာမှာမွေးဖွားခဲ့တယ်၊ ဘယ်နေရာမှာပွင့်ခဲ့တယ်၊
ဘယ်နေရာ မှာ တရားဦးဟောတော်မူခဲ့တယ်၊ ဘယ်နေရာမှာ ပရိနိဗ္ဗာန်စံခဲ့တယ်”
“ဖွား၊ ပွင့်၊ ဟော၊ စံ”ဆိုတဲ့ သံဝေဇနိယ လေးဌာကို သွားရောက်ဖူးမျှော်
သင့်ပါတယ်။ လေးဌာနအပြင် တခြားထူးထွေမြင့်မြတ် တဲ့ နေရာတွေလည်း ရှိပါသေးတယ်။
လေးဌာန၊ လေးနေရာကို သွားရင်ဖြင့် တခြားမြင့်မြတ်တဲ့နေရာတွေ ကိုလည်း
ရောက်သွားမှာပါ။
ဒါကတော့ ဒုက္ကရစရိယာကျင့်တော်မူခဲ့တဲ့ တောင်ကုန်းဖြစ်ပါတယ်...
ဘုန်းဘုန်းတို့မနှစ်က
မြန်မာပြည်ကနေ အိန္ဒိယကို ဘုရားဖူးလေယာဉ်နဲ့ လိုက်ပါလာခဲ့တယ်။ ဂယာလေဆိပ်
မှာဆင်းတော့ အင်မီဂရေးရှင်းဖြတ်ဖို့ လုပ်နေတုန်းမှာ အသက်ရှစ်ဆယ်ခန့်ရှိတဲ့
မြန်မာအဖွားတစ်ယောက်က တွန်းလှည်းနဲ့ လိုက်ပါလာတယ်။ အဲဒီအဖွားက
ဘုန်းဘုန်းတို့က ဘယ်လိုပြောပြလည်းဆိုတော့ “အရှင်ဘုရား၊ တပည့်တော်
အရင်တုန်းက ဆင်းဆင်းရဲရဲနဲ့ ဘ၀ကို ရုန်းကန်လှုပ်ရှားခဲ့ရတယ်ဘုရား၊ ဒီဗုဒ္ဓဂယာ
ကို ရောက်ဖူးချင်နေတာ ကြာ…လှပါပြီ၊ မရောက်နိုင်ခဲ့ဘူးဘုရား၊ ခုမှပဲ
ငွေကြေးအဆင်ပြေလာလို့ ခုမှပဲ လာရတော့တယ်ဘုရား” အဲဒီစကားကို ကြားပြီး
ဘုန်းဘုန်းတို့မျက်ဝန်းထဲမှာ မျက်ရည်များနဲ့ စိုစွပ်နေ မိလေရဲ့။
ဥလုဝေလတောင် အတက်လမ်းမှာ အဲဒီလို ကျောက်ခင်းလမ်းပါ...
ဗုဒ္ဓဂယာကို
ကိုယ့်ဘာသာကိုယ် သွားတာရယ်၊ ဘုရားဖူးအေးဂျင့်တွေနဲ့ သွားတာရယ်ဟာ ဘယ်က
ပိုပြီး သင့်တော်သလည်းဆိုတာကို တကယ်သိသင့်တဲ့ မေးခွန်းပါ။ မေးလည်း
မေးတတ်ကြပါရဲ့။ ဘုန်းဘုန်းအမြင်၊ ဘုန်းဘုန်းအယူအဆကို ပြောရမယ်ဆိုရင်ဖြင့်
အေးဂျင့်တွေနဲ့ သွားသင့်တယ်လို့ ထင်မိပါတယ်။ ဘာကြောင့်လည်းဆိုတော့
ကိုယ့်ဘာသာကိုယ်သွားရင် တည်းခိုစရာတွေ၊ လှည့်လည်ဖူးမျှော်ဖို့ ငှားရမ်းရ
မည့်ကားတွေ စသည်စသည် လုပ်စရာ၊ ကိုင်စရာတွေများပြီးသကာလ
အခက်အခဲပေါင်းများစွာနဲ့ မိတ်ဆွေဖွဲ့ရမှာ မဟုတ်ပါလား။
ဥရုဝေလတောင်ခြေရင်းမှာ ဆေးကုနေကြတယ်ဆိုပဲ...
ပြီးတော့
တစ်နေရာရာကို ရောက်သွားပြီဆိုရင်လည်း ဒီနေရာမှာ ဘယ်လို ဇာတ်ကြောင်းတွေ
ရှိခဲ့တယ် ဆိုတာကို သိဖို့ လိုအပ်ပါသေးတယ်။ အေးဂျင့်နဲ့ဆိုရင်
အများနဲ့ဆိုတော့ ရောက်တဲ့နေရာမှာ နေရာဒေသရဲ့ သမိုင်းကြောင်းကို
စိတ်ရှည်လက်ရှည်၊ သေသေချာချာ၊ ဂဃဏန ရှင်းပြပေးတဲ့ ဦးဇင်းတွေ၊
လူပုဂ္ဂိုလ်တွေရှိပါတယ်။ ဆိုတော့ကား အေးဂျင့်နဲ့လိုက်သွားရင် ဘာမှပူစရာ
မလိုတော့ဘဲ အေးဆေးလိုက် သွားလိုက်ရုံပါပဲ။ နို့မို့ရင် ဟိုအတွက် ပူရ၊
ဒီအတွက် ပူရနဲ့ဆိုတော့ မသက်သာလှပါဘူး။ လူသာမက စိတ်လည်း ပင်ပန်းနေရမှာပါ။
မြတ်စွာဘုရားကို
နို့ဃနာဆွမ်းကပ်လှူခဲ့တဲ့ သုဇာတာသူဌေးသမီးရဲ့ နေအိမ်ပါ။ ခုတော့
နေအိမ်မဟုတ်တော့ပါဘူး။ စေတီတစ်ဆူ ဖြစ်သွားပါပြီ။ သီရိဓမ္မာသောကမင်းကြီးရဲ့
စေတီပေါင်းရှစ်သောင်းလေးထောင်ထဲမှာ တစ်ဆူပါဝင်တယ် ပြောပါတယ်...
အိန္ဒိယနိုင်ငံ၊
အိန္ဒိယတိုင်းပြည်ကြီးဟာ နည်းနည်းနှောနှော တိုင်းပြည်မှ မဟုတ်ဘဲ။
တစ်နေရာနဲ့ တစ်နေရာက အဝေးကြီးတွေလေ။ သွားရောက်ဖူးမျှော်ရမည့်
နေရာဌာနတွေလည်း တစ်နေရာနဲ့တစ်နေရာ နီးနီးလေး ဟုတ်ဖူးရယ်။ အဲဒီလိုဆိုတော့
ခရီးတိုမဟုတ်တော့ဘူး။ ခရီးရှည်ပဲ ဖြစ်တော့မယ်။ ခရီးရှည် ဆိုတော့
ခရီးရှည်အတိုင်းပဲ အကုန်အကျများရတော့မယ်။ ပင်လည်းပင်ပန်းမယ်၊ အကုန်အကျလည်း
များမယ်ဆိုတော့ တန်အောင်တော့ လုပ်ရလိမ့်မယ်။ တန်အောင်ဆိုတာက ခရီးသွားရင်း
အကုသိုလ်တွေ မဖြစ်စေဘဲ ကုသိုလ်တွေကို ရအောင်လုပ်နိုင်မှ တန်မှာပါ။
ဆိုတော့ကား မသွားခင်မှာ ကြိုတင်သိသင့် သိထိုက်တဲ့ အရာတွေကို အမိအရ
ဆုပ်ကိုင်ထားလိုက်ပေါ့။
သူငယ်ချင်းတွေဆိုတာ
အတူတူနေတုန်းက စိတ်ဝမ်းမကွဲခဲ့ဖူးပေမယ့် ခရီးသွားလိုက်ရင် သူ့အကြိုက်က
တစ်မျိုး၊ ကိုယ့်အကြိုက်က တစ်ဖုံနဲ့မို့ အကြိုက်မတူရင်တော့
စိတ်ဝမ်းကွဲသွားတတ်ပါတယ်။ (ခရီး ကို နှစ်ယောက်သုံးယောက်သွားရင်
ဖြစ်တတ်တဲ့သဘောကို ပြောတာပါ။ အများနဲ့ဆို ရင်တော့ ဖြစ်ခဲပါတယ်။)
ကိုယ်မှာသီးနေတဲ့ အတ္တသီးတွေဟာ အဲဒီအချိန်ကျရင် ထင်ထင် ရှားရှား၊
ရှင်းရှင်းလင်းလင်းကြီးကို သီးတတ်ပါတော့တယ်။ မှန်ဘီလူးနဲ့တောင် ကြည့်ဖို့
မလိုတော့ပါဘူး။ အကြိုက်တွေမတူ၊ အလိုတွေမညီတာနဲ့ပဲ စိတ်ကောက်ပြီး မခေါ်နိုင်၊
မပြောနိုင်တဲ့ အဖြစ်မျိုးတွေ ဖြစ်တတ် ပါတယ်။
တစ်ချို့ဆို
တော်တော်နစ်နာခံနိုင်တဲ့၊ ခံနေတဲ့လူတွေကို တွေ့ဖူးတယ်။ အဲဒီလူမျိုးကျတော့
အခွင့်ကောင်းတွေ သိပ်မယူတတ်ဘူး။ အတ္တကြီးတဲ့သူတွေကတော့ သူချည်းပဲ ရအောင်
ယူတတ်တယ်။ ဘုန်းဘုန်းရဲ့သဘောထားကတော့ တစ်လှည့်စီ ကောင်းတာပဲဖြစ်ဖြစ်၊
ဆိုးတာပဲ ဖြစ်ဖြစ် ခံယူသင့်တယ်လို့ ယူဆမိတယ်။ ဥပမာ ကားစီးတယ်ဆိုပါစို့
ထိုင်ခုံက မလုံလောက်တာရယ်ဖြစ်ဖြစ်၊ ထိုင်ခုံလုံလောက်နေ လည်း ပြတင်းပေါက်ဘက်
စီးချင်တာ၊ ရှေ့မှာစီးချင်တာ၊ အလယ်မှာ စီးချင်တာ စသည်စသည်တွေပေါ့။
တစ်ချို့က
စိုးရိမ်စိတ်များလွန်းတယ်၊ တစ်ချို့က စိုးရိမ်စိတ်အလွန်နည်းပါးပြီး
ပေါ့ရော့နေသလို ဖြစ်တယ်။ တစ်ချို့က အပြစ်တင်စောတယ်၊ တစ်ချို့က စိတ်မြန်တယ်၊
တစ်ချို့က အေးဆေးနိုင်လွန်းတယ်။ ဒါတွေကတော့ ရောင်စုံစိတ်တွေပေါ့လေ။
ဗျာများတဲ့သူက အေးဆေးနိုင်သူကို အပြစ်တင်တတ်ပါတယ်၊ အပြစ်မြင်တတ်ပါတယ်။
အဲဒီလိုပါပဲ အေးဆေးနိုင်လွန်းတဲ့သူကလည်း စိတ်မြန်သူကို အပြစ်မြင်နေမှာ
အမှန်ပါပဲ။ ဆိုတော့ ဘာမဟုတ်တဲ့ ကိစ္စလေးနဲ့ မပြောနိုင်၊ မခေါ်နိုင် မဖြစ်စေဘဲ
တတ်စွမ်းသမျှ သည်းခံ ကြပြီးတော့ ဘုရားဖူးသွားရခြင်းရဲ့ ရည်ရွယ်ချက်ကို
မပျောက်စေဘဲ စိတ်ထဲမှာ သတိဆိုတဲ့အရာလေးကို စူပါဂလူးနဲ့ ကပ်ထားဖို့ လိုသလို
တုတ်တုတ်ခိုင်ခိုင် ချည်နှောင်ထားဖို့လည်း လိုပါတယ်။
ကြိုသိထားပြီး
သတိထားရမည့်အရာတွေက တည်းခိုတဲ့ မြန်မာဘုန်းကြီးကျောင်းကနေပြီးတော့
ဘုရားကို သွားတဲ့လမ်းနဘေးတွေမှာ ဒေသခံပုဂ္ဂိုလ်တွေ၊ လူတွေ စွန့်ပစ်ထားတဲ့
အညစ်အကြေးတွေ ကို တွေ့နိုင်ပါတယ်။ အဲဒီလို အညစ်အကြေးတွေကို တွေ့ပြီး
အလွန်ရွံရှာစရာ ကောင်းလှပါတယ်။ ရွံရှာပြီး အန်တောင်အန်ဖူးတဲ့
မြန်မာဒကာမတစ်ယောက်လည်း ရှိခဲ့ဖူးပါတယ်။ အဲဒီအတွက်လည်း အကုသိုလ် မဖြစ်စေဘဲ
သတိထားရမည့် အရာတစ်ခုပါ။
အိန္ဒိယနိုင်ငံမှာ
လမ်းဘေးမှာ အလေးအပေါ့ စွန့်ကြတာ၊ အမှိုက်သရိုက်မှန်သမျှ လမ်းပေါ် ပစ်ချတတ်ကြ
တာဟာ ယဉ်ကျေးမှုတစ်ခုလို့တောင် ပြောရတော့မလိုပဲ။ အဲဒါ ဘာကြောင့်လည်းဆိုရင်
အင်္ဂလိပ်တွေကို တိုက်ထုတ်စဉ်တုန်းက အင်္ဂလိပ်တွေနေတဲ့ အိမ်တွေဘေးမှာ အလေးအပေါ့
စွန်းခြင်းဖြင့် တိုက်ထုတ် ခဲ့တယ်လို့ ပြောကြတယ်။ အဲဒီကတည်းက
အလေ့အထတစ်ခုလို ဖြစ်လာခဲ့တာလား မသိ။ အင်္ဂလိပ်တွေက
အသန့်ကြိုက်တဲ့လူမျိုးတွေလေ။ အင်္ဂလိပ်တွေကို တိုက်ထုတ်နည်းတွေထဲမှာ
ဒီနည်းလည်း တစ်ခုပါဝင်တယ် လို့ ပြောကြတယ်။
ပြီးတော့
ဘုရားပတ်ဝန်းကျင်မှာ သူတောင်းစားတွေဟာ ရာနဲ့ချီပြီး ရှိနိုင်ပါတယ်။
မြန်မာတို့ရဲ့ သဒ္ဓါတရားဟာ ကြီးမားလွန်းလှပါတယ်ဆိုတာကို အားလုံးက အသိပါ။
အဲဒီအချိန်မှာ သူတောင်းစားတွေကို ပေးကမ်းချင်တဲ့ သဒ္ဓါတရားကို
ချုပ်တည်းထားသင့်ပါတယ်။ ရှိသမျှ သူတောင်းစားတွေကို အကုန်လုံး
ပေးနိုင်ရင်တော့ တစ်မျိုးပေါ့။ တတ်နိုင်သလောက်ပဲ ပေးမယ်ဆိုပြီးတော့
မပေးလိုက်ပါနဲ့။ မရလိုက်တဲ့ သူတောင်းစားတွေက လူကို ဒုက္ခပေးတတ်ပါတယ်။
မရမချင်း လိုက်တောင်းနေပါလိမ့်မယ်။ အဲဒီနေရာမှာ ရဲတွေရှိနေရင်တော့ ရဲတွေက
လိုက်ထိန်းပေးပေမယ့် ရဲမရှိတဲ့ တစ်ချို့နေရာတွေမှာ ဒုက္ခဖြစ်တတ်ပါတယ်။
မြန်မာအဖွားတစ်ယောက်က
ဥရုဝေလတောင်မှာ (ဒုက္ကရစရိယာကျင့်တော်မူရာနေရာ) အတက်မှာလား၊ အတက်မှာလား
မသိဘူး အကြွေလဲပြီး သူတောင်းစားတစ်ယောက်စနှစ်ယောက်စကို ပေးလိုက်ပြီး
ကျန်ရှိနေသေးတဲ့၊ မရရှိသေးတဲ့သူတွေ ၀ိုင်းလာတော့ အဲဒီဒကာမကြီး
ကျောက်တုံးတွေ ခင်းထားတဲ့ လမ်းပေါ်မှာ ချော်လဲပြီး အသက်ကို စတေးခဲ့ရဖူးတဲ့
အဖြစ်မျိုး ရှိခဲ့ဖူးတယ်လို့ မျက်မြင်ဘုန်းဘုန်း တစ်ပါးက ပြောပြဖူးပါတယ်။
ဘုန်းဘုန်းတို့ရောက်တုန်းကဆိုရင်
ဒကာတစ်ယောက်က တစ်ယောက်စနှစ်ယောက်စကို သွားပေးလိုက် မိတာ
ကားရပ်ထားတဲ့နေရာအထိ၊ ကားပြန်တက်ရတော့မယ့်အချိန်ထိကို မရမက လိုက်တောင်းနေ
ပါတော့တယ်။ ရိုးရိုးမတောင်းတော့ဘူး။ အကြွေးတောင်းသလိုမျိုးကြီး
တောင်းနေပါတော့တယ်။ အဝေး ကနေကြည့်တော့ ဘာပြဿနာဖြစ်လို့လည်းပေါ့။ ပြီးတော့
ဘယ်ဟုတ်ပါ့မလည်း တစ်ယောက်စနှစ်ယောက် စကို ပေးပြီး မရသေးတဲ့သူတွေက လိုက်ပြီး
ဒုက္ခပေးနေတာတဲ့ဗျာ။ တစ်ချို့သူတောင်းစားတွေမှာ တုတ်တွေဘာတွေ ကိုင်ထားလို့။
ဝိုင်းလာရင် ကြောက်ဖို့ သိပ်ကောင်းပါတယ်။
ရတဲ့ပိုက်ဆံကို နေ့လယ်လောက်ဆိုဖဲရိုက်တာများတယ် ဒုက္ကရစရိယာတောင်အောက်မှာ ကလေး
လူကြီးတွေများတော့လုပ်စားစရာမရှိတော့ တောင်းစားတာလေ သုဇာတသူဋ္ဌေးအိမ်နားမှာလည်း တောင်းတဲ့သူတွေများတယ် လူစုကွဲလိုကတော့ ကြမ်းတမ်းစွာတောင်းတတ်ကြောင်းသိစေအပ်သည်။
ရတဲ့ပိုက်ဆံကို နေ့လယ်လောက်ဆိုဖဲရိုက်တာများတယ် ဒုက္ကရစရိယာတောင်အောက်မှာ ကလေး
လူကြီးတွေများတော့လုပ်စားစရာမရှိတော့ တောင်းစားတာလေ သုဇာတသူဋ္ဌေးအိမ်နားမှာလည်း တောင်းတဲ့သူတွေများတယ် လူစုကွဲလိုကတော့ ကြမ်းတမ်းစွာတောင်းတတ်ကြောင်းသိစေအပ်သည်။
Friday, 14 October 2011
ကြည့်တတ်ဖို့သာ သင့်နလုံးသား ငါနှလုံးသာဖြစ်မည်
အကောင်းမမြင်လို့
အမြင်မကောင်းတာလား
အမြင်မကောင်းလို့
အကောင်းမမြင်တာလား
အကောင်းမြင်ရင်
အမြင်ကောင်းပါတယ်။
အနုတ် နဲ့  အပေါင်း
အကောင်း နဲ့  အဆိုး
အကျိုး နဲ့  အပြစ်
စစ် နဲ့ ငြိမ်းချမ်းရေး
လိုရင်းကို ရွေးတတ်ဖို့ ပဲလိုတယ်။
အကောင်းတော့မြင်ကြတာပေါ့ ဒါပေမယ့် အကြောင်း နဲ့  အကျိုးကိုသိထားရမယ်နော်
အမြင်မကောင်းတာလား
အမြင်မကောင်းလို့
အကောင်းမမြင်တာလား
အကောင်းမြင်ရင်
အမြင်ကောင်းပါတယ်။
အနုတ် နဲ့  အပေါင်း
အကောင်း နဲ့  အဆိုး
အကျိုး နဲ့  အပြစ်
စစ် နဲ့ ငြိမ်းချမ်းရေး
လိုရင်းကို ရွေးတတ်ဖို့ ပဲလိုတယ်။
အကောင်းတော့မြင်ကြတာပေါ့ ဒါပေမယ့် အကြောင်း နဲ့  အကျိုးကိုသိထားရမယ်နော်
တူသော်လည်းမတူ
သူတောင်းစားချင်း တူသော်လည်း တောင်းကြသောခွက်ထဲငွေအနည်းအများရခြင်းမတူသည်ကို
သတိထားမိနိုင်ကြပါလိမ့်မည်။
ထည့်သူ.မထည့်သူ.အားလုံးကို ကောင်းစွာဆုတောင်းပေးသောသူတောင်းစားခွက်နှင့်
မထည့်သူအား မျက်စောင်းထိုးတတ်သော သူတောင်းစားခွက်ထက်ပို၍သဒ္ဓါကြေး ပိုနေတတ်သည်မှာ
သူတို့၏လုပ်ရပ်ကြောင့်သာ ဖြစ်ပါသည်။
ငွေအရနည်းသော သူတောင်းစားက ခံစားမှုသက်သက်ကိုသာ ခံစားသူဖြစ်ပြီး
ငွေအရများသော သူတောင်းစားမှာ ခံစားမှုထက်ပိုသော အမှားအမှန်တို့ ကို
ဝေဖန်ပိုင်းခြားနိုင်မှု တစ်စုံ တစ်ရာရှိလာခြင်းကြောင့်ဖြစ်သည်။
ငါနှင့်သင်ဘယ်ထဲပါသလဲ ?
သတိထားမိနိုင်ကြပါလိမ့်မည်။
ထည့်သူ.မထည့်သူ.အားလုံးကို ကောင်းစွာဆုတောင်းပေးသောသူတောင်းစားခွက်နှင့်
မထည့်သူအား မျက်စောင်းထိုးတတ်သော သူတောင်းစားခွက်ထက်ပို၍သဒ္ဓါကြေး ပိုနေတတ်သည်မှာ
သူတို့၏လုပ်ရပ်ကြောင့်သာ ဖြစ်ပါသည်။
ငွေအရနည်းသော သူတောင်းစားက ခံစားမှုသက်သက်ကိုသာ ခံစားသူဖြစ်ပြီး
ငွေအရများသော သူတောင်းစားမှာ ခံစားမှုထက်ပိုသော အမှားအမှန်တို့ ကို
ဝေဖန်ပိုင်းခြားနိုင်မှု တစ်စုံ တစ်ရာရှိလာခြင်းကြောင့်ဖြစ်သည်။
ငါနှင့်သင်ဘယ်ထဲပါသလဲ ?
Monday, 3 October 2011
လှလှသေသူ
သေခါနီးလေး
ကြိုတင် တွေးကြည့်
စိတ်အေးချမ်းသာ
သေနိုင်မှာလော။
စွဲလန်း၍သာ
သင်-သေမှာလော
မိန်းမောတွေဝေ
သင်-သေမှာလော။
ယောင်ယမ်းလူးလွန့် 
သက်စွန့် မှာလော။
ဟစ်အော်ငြီးကာ
သေသွားမှာလော။
သက်ရှင်နေစဉ်
ကုသိုလ် ခင်မှ
သေစဉ်လှလှ
သင်-သေရလိမ့်မည်။
....ငါလည်းပါဝင်သေးသည်.......
ကြိုတင် တွေးကြည့်
စိတ်အေးချမ်းသာ
သေနိုင်မှာလော။
စွဲလန်း၍သာ
သင်-သေမှာလော
မိန်းမောတွေဝေ
သင်-သေမှာလော။
ယောင်ယမ်းလူးလွန့် 
သက်စွန့် မှာလော။
ဟစ်အော်ငြီးကာ
သေသွားမှာလော။
သက်ရှင်နေစဉ်
ကုသိုလ် ခင်မှ
သေစဉ်လှလှ
သင်-သေရလိမ့်မည်။
....ငါလည်းပါဝင်သေးသည်.......
စစ်မှန်သော ဆန္ဒ
ရောင်ဝါထွန်းလင်း
ရှင်နေမင်းလို
လေးကျွန်းတစ်မြင့်မိုရ်
မလင်းလိုလဲ နေပါစေ။
ညအမှောင်ခွင့်
ဖိုးလမင်းလို
လေးကျွန်းတစ်မြင့်မိုရ်
မလင်းလိုလဲ့ နေပါစေ။
သို့ သော်ငြားလည်း
ခန်းကျဉ်းထဲ့မှာ
လင်းရောင်ဝါကို
ပေးစွမ်းနိုင်တဲ့
မီးတိုင်ငယ်လေးမျိုးတော့ ဖြစ်ချင်ပါ၏။
ရှင်နေမင်းလို
လေးကျွန်းတစ်မြင့်မိုရ်
မလင်းလိုလဲ နေပါစေ။
ညအမှောင်ခွင့်
ဖိုးလမင်းလို
လေးကျွန်းတစ်မြင့်မိုရ်
မလင်းလိုလဲ့ နေပါစေ။
သို့ သော်ငြားလည်း
ခန်းကျဉ်းထဲ့မှာ
လင်းရောင်ဝါကို
ပေးစွမ်းနိုင်တဲ့
မီးတိုင်ငယ်လေးမျိုးတော့ ဖြစ်ချင်ပါ၏။
Sunday, 2 October 2011
သင်လား ငါလား
ဗေဒင်အဟော
သဘောတော်ကျ၊ယတြာဆင်
မကြာခင်လေး
ရွှေသူဌေး ဖြစ်တော့မလို။
လက္ခဏာဟော
သဘောတော်ကျ၊ မွေးရက်လမှာ
ရှစ်မျက်နှာဘုရား
ဓာတ်ပန်းများလှူ။သူ့အယူက
ရက် လ မကြာ
လူချမ်းသာ ဖြစ်တော့မလို။
နတ်ကတော်ပြော
သဘောတော်ကျ၊ပ- သ၇သည်
အန္တရာယ်ကင်း၊ရန်စွယ်ရှင်းပြီး
တိုက်ကြီး ကားကြီး၊စည်းစိမ်ကြီးကာ
အသက်ရာကျော် ရှည်မလို။
ပြုသမျှကံ
ပြောသမျှကံ၊ကြံသမျှကံ
ထိုထိုကံတွင်
ကောင်းကံပြုပြန်၊ကောင်းကျိုးစံ၍
ဆိုးကံပြုက၊ဆိုးကျိုးရမည်
ကမ္မသတ္တိ၊စွမ်းရည်ရှိကို
အသိမမှန်။ဖောက်ပြန်မိုက်မှား
ထိုလူစားမှာ၊သင်ပါသလား....
ငါပါသလား....ပြန်စဉ်းစား၊
သဘောတော်ကျ၊ယတြာဆင်
မကြာခင်လေး
ရွှေသူဌေး ဖြစ်တော့မလို။
လက္ခဏာဟော
သဘောတော်ကျ၊ မွေးရက်လမှာ
ရှစ်မျက်နှာဘုရား
ဓာတ်ပန်းများလှူ။သူ့အယူက
ရက် လ မကြာ
လူချမ်းသာ ဖြစ်တော့မလို။
နတ်ကတော်ပြော
သဘောတော်ကျ၊ပ- သ၇သည်
အန္တရာယ်ကင်း၊ရန်စွယ်ရှင်းပြီး
တိုက်ကြီး ကားကြီး၊စည်းစိမ်ကြီးကာ
အသက်ရာကျော် ရှည်မလို။
ပြုသမျှကံ
ပြောသမျှကံ၊ကြံသမျှကံ
ထိုထိုကံတွင်
ကောင်းကံပြုပြန်၊ကောင်းကျိုးစံ၍
ဆိုးကံပြုက၊ဆိုးကျိုးရမည်
ကမ္မသတ္တိ၊စွမ်းရည်ရှိကို
အသိမမှန်။ဖောက်ပြန်မိုက်မှား
ထိုလူစားမှာ၊သင်ပါသလား....
ငါပါသလား....ပြန်စဉ်းစား၊
Subscribe to:
Posts (Atom)