Saturday, 24 December 2011

ဆိုင်းဘုတ်အောက်ကမြန်မာ



 မြတ်ဗုဒ္ဓ၏ ဗောဓိဥာဏ်ရခဲ့သည့် နေရာမြတ်မဟာတွင် အပြည်ပြည်ဆိုင်
ရာ ထေရာဝါဒရဟန်းတော်များ စုပေါင်းကာမြတ်ဗုဒ္ဓ၏ နူတ်ကမ္ပတ်တော်မှထွက်သော တရားတော်များကိုရွှတ်
ဖတ်ပူဇော်ကြရာဝယ် နိုင်ငံတကာထေရာဝါဒ ရဟန်းတော်များ၏ စည်းလုံးညီညာမူကိုေ
           မဇ္ဈိမဒေသဟူသည် မြတ်စွာဘုရားဖြစ်ဖို့ရန်အတွက် လေးသင်္ချေနဲ့ကမ္ဘာတစ်သိန်း ပါရမီဖြည့်လာခဲ့ရာ
နောက်ဆုံးပန်းတိုင် ဖြစ်ရာဖြစ်သော  ဖ်ာထုပ်ပြသသောအခွင့်
အရေးတစ်ရပ်ကို ယခုအချိန်ခါဝယ် မြန်မာနိုင်ငံသူ နိုင်ငံသားတို့ရဲ့ စွမ်းဆောင်မူကို နိုင်ငံတကာသို့ပြသရတော့
မည်။       ဗုဒ္ဓဂယာတွင်ရှိကြသည့် ထေရာဝါဒဆိုင်ရာ ဆရာတော်များက ဖွဲ့စည်းထားသောနိုင်ငံတကာတိပိဋ
ကချန်းတင်းအဖွဲ့ကြီးကို ခရစ်နှစ် (၂၀၀၆)ခုနှစ်က စတင်တည်ဆောက်ခဲ့သော်လည်း မြန်မာနိုင်ငံအနေဖြစ် လာ
မည့်နှစ်မှသာလျှင် နိုင်ငံတကာတိပိဋက ချန်းတင်းရွှတ်ဖတ်ပူဇော်ပွဲ၏ ဦးဆောင်မူကို  ပြုလုပ်ရမည်ဖြစ်သည်။ ယခင့်ယခင်ကနှစ်တွေက နိုင်ငံတကာထေရာဝါဒနိုင်ငံဖြစ်သော သီရိလင်္ကာနိုင်ငံ ထိုင်းနိုင်ငံ လာအိုနိုင်ငံ နီပေါနိုင်ငံ များကဦးဆောင်ခဲ့ခြင်းဖြစ်သည်။
မြန်မာနိုင်ငံအနေဖြစ် အကြောင်းအမျိုးမျိုးကြောင့် နိုင်ငံတကာတိပိဋကချန်းတင်းရွတ်ဖတ်ပူဇော်ပွဲကို ဦးဆောင်မူမရှိခြဲ့ခင်းဖြစ်သည်။  ထိုအတွက်ကြောင့်  နိုင်ငံတကာတိပိဋကရွှတ်ဖတ်ပူဇော်ပွဲကို မြန်မာနိုင်ငံသူ နိုင်ငံသားတို့က
စည်းလုံးညီညာမူကို ပြသရတော့မည်ဖြစ်ပေသည်။ မြန်မာနိုင်ငံသူ နိုင်ငံသားတို့ရဲဆိုင်းဘုတ်အောက်
မှာမွေးဖွားလာသော သူတွေအတွက်က တာဝန်ဆိုတာထက် အမျိုးဂုဏ် ဇာတိဂုဏ် ချစ်မြတ်နိုးသူတွေဆိုတာ
ဖြစ်သင့်ပေသည်။  
မြန်မာလူမျိုးမှန်ရင် မျိုးချစ်စိတ်ဓာတ် ထက်ထက်သန်သန်ရှိစမြဲဆိုတာ ယုံကြည်ပါသည်။ မြန်မာလူမျိုးတွေ
ဟာ  အချင်းချင်းဘယ်လောက်ပင် ကွဲပြားစေကာမူ မြန်မာမှတစ်ပါး  အခြားတိုင်းတပါးသူတွေကို
ယှဉ်ပြိုင်တဲ့အခါမှာ စည်းလုံးညီညွတ်မူကို စံပြဖြစ်အောင်ပြုလုပ်နိုင်သည်ဟု ယုံကြည်ပါသည်။ စာရေးသူတို့ မြန်မာလူမျိုးတစ်ယောက်မှာခံစားရတယ်ဆိုတာ အသေအချာ ယုံကြည်ပါသည်။ ယုံကြည့်သည့်အားလျှော်စွာ…
 ဒီလိုနိုင်ငံတကာ ဗုဒ္ဓ ပိဋကတ်သုံးပုံရွတ်ဖတ်ပူဇော်ပွဲကို ဗုဒ္ဓနဲ့ပတ်သက်သောအရာရာကိုဦးဆောင်လာတဲ့ဒို့မြန်မာတွေကိုတိုင်းတစ်ပါးသူတွေကနိုင်ငံတကာပိဋကတ်သုံးပုံရွတ်ဖတ်ပူဇော်ပွဲကို”ဦးဆောင်မူမလုပ်နိုင်လောက်ပါဘူးတဲ့”ပြောလာတော့ သူတစ်မျိုး ငါတစ်မျိုးလိုထင်ရတဲ့ဒို့မြန်မာတွေဟာ မြန်မာလူမျိုးဟူသော ဆိုင်းဘုတ်အောက်မှာ အမျိုးကို
ချစ်သော အမျိုးချစ်ဓိတ်ဓာတ် မြန်မာလူမျိုးဟူသော ဇာတိဂုဏ်ကိုပြသရတော့မည်လေ ….
တကယ်တော့မြန်မာဟာ ပြိုင်ဘက်တွေကိုစောင့်နေတဲ့ မြန်မာခြင်္သေ့မင်းဖြစ်ပါသည်။ ဇာတိဂုဏ်ကိုထင်ဟပ်စေတဲ့ အမျိုးသားရေးကိုထက်ထက်သန်သန်ရှိတဲ့မြန်မာဖြစ်ပေသည်။
ဗုဒ္ဓမြတ်စွာဘုရားပွင့်လာတော့ ဗုဒ္ဓဘုရားရဲ့ဆံတော်ကို အမျိုးသားရေစိတ်ဓာတ် ထက်ထက်သန်သန်ရှိတဲ့ မြန်မာလူမျိုး တဖုဿနဲ့ဘလ္လိကတို့ကို အမျိုးသားရေးကောင်းစားဖို့အတွက် မြတ်စွာဘုရားဆီက ဆံတော်(၈)ဆူကိုမြန်မာပြည်သူ မြန်မာသား အများကြည်ညိုစေလိုသောကြောင့် အရှေှး့မြန်မာလူမျိုးတွေ ဂုဏ်ယူစရာ တစ်မျိုးလိုခေါ်ရမည်ဖြစ်ပေသည်။ မျိုးချစ်စိတ်ဓာတ်ထက်ထက်သန်သန်ရှိတယ်ဆိုတာကို သမိုင်းကပြောပြနေခြင်းဖြစ်သည်။ ဘယ်လောက်ဝေးစေကာမှု မျိုးချစ်စိတ်ဓာတ်ပြသခဲ့မှုဟာ
ယူဇနာ ရာလောက်မကဝေးသော်လည်း ထက်ထက်သန်သန်အမျိုးသားရေးလုပ်ခဲ့တာ မြန်မာပင်ဖြစ်ပေသည်။
ဗုဒ္ဓရဲ့သမိုင်းမှာသရဏဂုဏ်ဦးစွာပထမနေရာယူကာဆောက်တည်ခဲ့တာမြန်မာပါ။ဗုဒ္ဓရဲ့ပိဋကတ်သုံးပုံကိုအာဂုံဆောင်ပုဂ္ဂိုလ်တွေဟာ မြန်မာပင်ဖြစ်ပေသည်။ နိုင်ငံတကာမှာဗုဒ္ဓရဲ့ပိဋကတ်သုံးပုံကို ၀ိနည်း၊သုတ္တန်၊ အဘိဓမ္မာ မရွေး တတ်မြောက်ကျွမ်းကျင်တာ မြန်မာပင်ဖြစ်ပေသည်။
ဗုဒ္ဓနှင့်ပက်သတ်လျှက်ရှိသောအကြောင်းအရာများစွာကို ဦးဆောင်ပါလျှက် ဒီလိုမခတ်ခဲတဲ့ နိုင်ငံတကာ ပိဋကတ်သုံးပုံရွတ်ဖတ်ပွဲကိုဘာကြောင့် ဦးမဆောင်နိုင်ရမလဲ ဒို့မြန်မာရယ် မြန်မာလူမျိုးမှန်ရင်ဖြင့် မြန်မာရဲ့ဇာတိဂုဏ် အမျိုးသားရေးဂုဏ်ကိုဆောင်နိုင်အောင်ကြိုးစားရမည်။
အခြေအနေတရပ်ကို ရင်ဆိုင်ခြင်းဖြင့် အောင်ပွဲခံရမည်ဖြစ်ပေသည်။ဒီလိုအချိန်အခါရောက်လာသည့်အတွက်ကြောင့်မြန်မာနိုင်ငံသူ မြန်မာနိုင်ငံသားတွေကမြန်မာဆိုတဲ့ ဆိုင်းဘုတ်အောက်မှာ ငါတို့လည်းပါဝင်တယ်ဆိုတာအသိတရားနဲ့ လုပ်ဆောင်သွားမယ်ဆိုရင်နိုင်ငံတကာပိဋကတ်သုံးပုံရွတ်ဖတ်ပူဇော်ပွဲ အောင်အောင်မြင်မြင်ဦးဆောင်နိုင်မှာ..မြန်မာပင်ဖြစ်ပေသည်။…
            ………အိပ်ရာမှ ထရမည်လော….အသိတရားမှထရမည်လော…စည်းလုံးရေကင်းမူမှ ထရမည်လော..
မြန်မာဆိုသော ဆိုင်းဘုတ်အောက်မှာရှိသောမြန်မာလူမျိုးသည် သင်ပါသလော..ငါပါသလော..တွေးတော
လောက်သည့် အမျိုးဂုဏ် ဇာတိဂုဏ်ပျောက်လောက်အောင် အသိတရားမကင်းမဲ့လောက်ပါဘူး
 အမိမြန်မာပြည်ကိုနေခဲ့ဖူးသူတွေဆိုရင် အမိမြန်မာပြည်ကို နိုင်ငံတကာမှာမျက်နှာမငယ်အောင်လုပ်ဖို့တော့
တာဝန်ဆိုတာထက် အသိတရားကိုဖြစ်ပေါ်နေရမည်။    မြန်မာဆိုသည်မှာ ကယား ကရင် ကချင်း ရှမ်း ရခိုင်
ဗမာ ပအိုလ် ပလောင် ချင်း စသော တိုင်းရင်းသားတွေစုပေါင်းကာမှ မြန်မာပြည်သူ မြန်မာပြည်သားဟုခေါ်ဆိုခြင်းဖြစ်ပေသည်။…ရွှေမြန်မာ…ရွှေမြန်မာ..လိုခေါ်နေ ပြောနေတာက             သင့်က မြန်မာလား?လိုမေးတာနဲ့အတူတူပါပဲ…
  စာရေးသူတို့က မြန်မာဆိုတဲ့ ဆိုင်းဘုတ်အောက်က ငါဆိုတဲ့ မြန်မာမပျောက်ရအောင်ကြိုးစားရမည်။
မြန်မာပြည်သူ မြန်မာပြည်သားတွေက မြန်မာပြည်ကိုဂုဏ်မငယ်ရအောင် အားလုံးသောမြန်မာပြည်သူ  မြန်မာပြည်သားတို့က စွမ်းနိုင်သလောက် စိတ်အားထက်သန်သလောက်  ကြိုးပမ်းစေလိုပါသည်။  ဒီလိုဆောင်ပါးဖြင့် တတ်နိုင်သလောက်    နှိုးဆော်တိုက်တွန်းအပ်ပါသည် ။           ရွှေမြန်မာဟုဆိုသောတိုင်းရင်းသားများက မြန်မာဟူသောဆိုင်းဘုတ်အောက်မှာ နေထိုင်ရာဖြစ်သောကြောင့် တူညီစွာလက်တွဲလိုအောင်ပွဲခံရမည်။ဒီအတွက်ကြောင့် တိုင်းရင်းသားညီအစ်ကိုများဖြစ်ကြသော
နောင်တော် ညီတော်များတို့။
  စာဖတ်သူအားလုံးရွှင်လန်းချမ်းမြေ့ကြပါစေ  ကာယသုခ စိတ္တသုခနှင့်ပြည့်စုံကြပါစေ
ဆုတောင်းကြိုးစားလျှက်။                                                                          ဖိုလေးလုးံ=၂၁.၁၂.၂၀၁၁

Friday, 21 October 2011

အပြုအမှု




ဘုရားဖူးအတွက် သိစရာဒေသန္တရဗဟုသုတအကြောင်း
မြတ်မဟာမြေ ဗုဒ္ဓဂယာကို ကိုယ့်ဘာသာကိုယ် သွားသင့်ပါသလား၊? (သို့မဟုတ်) အေးဂျင့်တွေနဲ့ သွားသင့်ပါသလားဆိုတာနဲ့ ကြိုတင်သိထားစရာလေးများ

ခု ဖူးတွေ့ရတာက ဗုဒ္ဓဂယာစေတီတော်မြတ်ကြီး ဖြစ်ပါတယ်...

မြတ်မဟာမြေဆိုသည်မှာ ဗုဒ္ဓဂယာကို ဆိုလိုခြင်း ဖြစ်ပါတယ်။ ဗုဒ္ဓဂယာကို သွားရောက်ဖူးမျှော်ပြီးသော ဗုဒ္ဓဘာသာဝင်တွေ၊ သွားရောက်ဖူးမျှော်လိုသော ဗုဒ္ဓဘာသာဝင်တွေ အများအပြားရှိနေမှာပါ။ စိတ်ထဲ မှာ မျှော်မှန်းထားပေမယ့် အကြောင်းအမျိုးမျိုးကြောင့် ပျက်ကွက်နေတဲ့သူတွေလည်း ရှိနေမှာပဲ။ တစ်ချို့ ကြတော့ ကိုယ့်မိဘတွေကို ရောက်ဖူးစေချင်တဲ့ စေတနာနဲ့ မိဘတွေကို ပို့နိုင်အောင်ဆိုပြီး အလုပ်ကို ကြိုးစားလုပ်နေပြီး စရိက်စက စုဆောင်းပေးနေတဲ့ သားသမီးတွေလည်း ရှိနေမယ်ဆိုတာ လုံးဝဥဿုံ ယုံကြည်နေမိပါရဲ့။

 စေတီတော်အတွင်းက ဗုဒ္ဓရုပ်ပွားတော်မြတ်ပါ...

 တိဗက်ဘုန်းဘုန်းတွေ ထောင်နဲ့ချီပြီး ဘုရားဖူးနေကြပါတယ်။ 
၁၂လပိုင်းဆိုရှိပါတယ်

  တိဗက်ဘုန်းဘုန်းတွေ ဘုရားရှိခိုးကြတာ အဲဒီလို ရှိခိုးကြတာဗျာ။ ဒိုင်ဗင်ထိုးပြီး ရှိခိုးကြတယ်....

တစ်ချို့က “ဗုဒ္ဓဂယာရောက်ဖူးပြီးရင် အပါယ်က လွတ်ပြီ”ဆိုပြီး လျှောက်ပြောတတ်ကြပါတယ်။ အဲဒီလိုတော့ လည်း မဟုတ်ရပါဘူးနော်။ အဲဒီလို လွတ်ကြေးဆိုရင် မကောင်းမှုတွေ များများလုပ်ထားပြီးတဲ့သူတွေက အဲဒီကို သွားလိုက်ရုံပေါ့။ ဟုတ်ဖူးလားဗျာ။ သွားတာကတော့ တကယ်ကို သွားသင့်ပါတယ်။ တကယ် ကို ရောက်ထိုက်ပါတယ်။

ကိုယ်ကိုးကွယ်နေတဲ့ဘုရားရှင်ဟာ “ ဘယ်နေရာမှာမွေးဖွားခဲ့တယ်၊ ဘယ်နေရာမှာပွင့်ခဲ့တယ်၊ ဘယ်နေရာ မှာ တရားဦးဟောတော်မူခဲ့တယ်၊ ဘယ်နေရာမှာ ပရိနိဗ္ဗာန်စံခဲ့တယ်” “ဖွား၊ ပွင့်၊ ဟော၊ စံ”ဆိုတဲ့ သံဝေဇနိယ လေးဌာကို သွားရောက်ဖူးမျှော် သင့်ပါတယ်။ လေးဌာနအပြင် တခြားထူးထွေမြင့်မြတ် တဲ့ နေရာတွေလည်း ရှိပါသေးတယ်။ လေးဌာန၊ လေးနေရာကို သွားရင်ဖြင့် တခြားမြင့်မြတ်တဲ့နေရာတွေ ကိုလည်း ရောက်သွားမှာပါ။

 ဒါကတော့ ဒုက္ကရစရိယာကျင့်တော်မူခဲ့တဲ့ တောင်ကုန်းဖြစ်ပါတယ်...

ဘုန်းဘုန်းတို့မနှစ်က မြန်မာပြည်ကနေ အိန္ဒိယကို ဘုရားဖူးလေယာဉ်နဲ့ လိုက်ပါလာခဲ့တယ်။ ဂယာလေဆိပ် မှာဆင်းတော့ အင်မီဂရေးရှင်းဖြတ်ဖို့ လုပ်နေတုန်းမှာ အသက်ရှစ်ဆယ်ခန့်ရှိတဲ့ မြန်မာအဖွားတစ်ယောက်က တွန်းလှည်းနဲ့ လိုက်ပါလာတယ်။ အဲဒီအဖွားက ဘုန်းဘုန်းတို့က ဘယ်လိုပြောပြလည်းဆိုတော့ “အရှင်ဘုရား၊ တပည့်တော် အရင်တုန်းက ဆင်းဆင်းရဲရဲနဲ့ ဘ၀ကို ရုန်းကန်လှုပ်ရှားခဲ့ရတယ်ဘုရား၊ ဒီဗုဒ္ဓဂယာ ကို ရောက်ဖူးချင်နေတာ ကြာ…လှပါပြီ၊ မရောက်နိုင်ခဲ့ဘူးဘုရား၊ ခုမှပဲ ငွေကြေးအဆင်ပြေလာလို့ ခုမှပဲ လာရတော့တယ်ဘုရား” အဲဒီစကားကို ကြားပြီး ဘုန်းဘုန်းတို့မျက်ဝန်းထဲမှာ မျက်ရည်များနဲ့ စိုစွပ်နေ မိလေရဲ့။ 

 ဥလုဝေလတောင် အတက်လမ်းမှာ အဲဒီလို ကျောက်ခင်းလမ်းပါ...

ဗုဒ္ဓဂယာကို ကိုယ့်ဘာသာကိုယ် သွားတာရယ်၊ ဘုရားဖူးအေးဂျင့်တွေနဲ့ သွားတာရယ်ဟာ ဘယ်က ပိုပြီး သင့်တော်သလည်းဆိုတာကို တကယ်သိသင့်တဲ့ မေးခွန်းပါ။ မေးလည်း မေးတတ်ကြပါရဲ့။ ဘုန်းဘုန်းအမြင်၊ ဘုန်းဘုန်းအယူအဆကို ပြောရမယ်ဆိုရင်ဖြင့် အေးဂျင့်တွေနဲ့ သွားသင့်တယ်လို့ ထင်မိပါတယ်။ ဘာကြောင့်လည်းဆိုတော့ ကိုယ့်ဘာသာကိုယ်သွားရင် တည်းခိုစရာတွေ၊ လှည့်လည်ဖူးမျှော်ဖို့ ငှားရမ်းရ မည့်ကားတွေ စသည်စသည် လုပ်စရာ၊ ကိုင်စရာတွေများပြီးသကာလ အခက်အခဲပေါင်းများစွာနဲ့ မိတ်ဆွေဖွဲ့ရမှာ မဟုတ်ပါလား။

 ဥရုဝေလတောင်ခြေရင်းမှာ ဆေးကုနေကြတယ်ဆိုပဲ...

ပြီးတော့ တစ်နေရာရာကို ရောက်သွားပြီဆိုရင်လည်း ဒီနေရာမှာ ဘယ်လို ဇာတ်ကြောင်းတွေ ရှိခဲ့တယ် ဆိုတာကို သိဖို့ လိုအပ်ပါသေးတယ်။ အေးဂျင့်နဲ့ဆိုရင် အများနဲ့ဆိုတော့ ရောက်တဲ့နေရာမှာ နေရာဒေသရဲ့ သမိုင်းကြောင်းကို စိတ်ရှည်လက်ရှည်၊ သေသေချာချာ၊ ဂဃဏန ရှင်းပြပေးတဲ့ ဦးဇင်းတွေ၊ လူပုဂ္ဂိုလ်တွေရှိပါတယ်။ ဆိုတော့ကား အေးဂျင့်နဲ့လိုက်သွားရင် ဘာမှပူစရာ မလိုတော့ဘဲ အေးဆေးလိုက် သွားလိုက်ရုံပါပဲ။ နို့မို့ရင် ဟိုအတွက် ပူရ၊ ဒီအတွက် ပူရနဲ့ဆိုတော့ မသက်သာလှပါဘူး။ လူသာမက စိတ်လည်း ပင်ပန်းနေရမှာပါ။

 မြတ်စွာဘုရားကို နို့ဃနာဆွမ်းကပ်လှူခဲ့တဲ့ သုဇာတာသူဌေးသမီးရဲ့ နေအိမ်ပါ။ ခုတော့ နေအိမ်မဟုတ်တော့ပါဘူး။ စေတီတစ်ဆူ ဖြစ်သွားပါပြီ။ သီရိဓမ္မာသောကမင်းကြီးရဲ့ စေတီပေါင်းရှစ်သောင်းလေးထောင်ထဲမှာ တစ်ဆူပါဝင်တယ် ပြောပါတယ်...

အိန္ဒိယနိုင်ငံ၊ အိန္ဒိယတိုင်းပြည်ကြီးဟာ နည်းနည်းနှောနှော တိုင်းပြည်မှ မဟုတ်ဘဲ။ တစ်နေရာနဲ့ တစ်နေရာက အဝေးကြီးတွေလေ။ သွားရောက်ဖူးမျှော်ရမည့် နေရာဌာနတွေလည်း တစ်နေရာနဲ့တစ်နေရာ နီးနီးလေး ဟုတ်ဖူးရယ်။ အဲဒီလိုဆိုတော့ ခရီးတိုမဟုတ်တော့ဘူး။ ခရီးရှည်ပဲ ဖြစ်တော့မယ်။ ခရီးရှည် ဆိုတော့ ခရီးရှည်အတိုင်းပဲ အကုန်အကျများရတော့မယ်။ ပင်လည်းပင်ပန်းမယ်၊ အကုန်အကျလည်း များမယ်ဆိုတော့ တန်အောင်တော့ လုပ်ရလိမ့်မယ်။ တန်အောင်ဆိုတာက ခရီးသွားရင်း အကုသိုလ်တွေ မဖြစ်စေဘဲ ကုသိုလ်တွေကို ရအောင်လုပ်နိုင်မှ တန်မှာပါ။ ဆိုတော့ကား မသွားခင်မှာ ကြိုတင်သိသင့် သိထိုက်တဲ့ အရာတွေကို အမိအရ ဆုပ်ကိုင်ထားလိုက်ပေါ့။

သူငယ်ချင်းတွေဆိုတာ အတူတူနေတုန်းက စိတ်ဝမ်းမကွဲခဲ့ဖူးပေမယ့် ခရီးသွားလိုက်ရင် သူ့အကြိုက်က တစ်မျိုး၊ ကိုယ့်အကြိုက်က တစ်ဖုံနဲ့မို့ အကြိုက်မတူရင်တော့ စိတ်ဝမ်းကွဲသွားတတ်ပါတယ်။ (ခရီး ကို နှစ်ယောက်သုံးယောက်သွားရင် ဖြစ်တတ်တဲ့သဘောကို ပြောတာပါ။ အများနဲ့ဆို ရင်တော့ ဖြစ်ခဲပါတယ်။)  ကိုယ်မှာသီးနေတဲ့ အတ္တသီးတွေဟာ အဲဒီအချိန်ကျရင် ထင်ထင် ရှားရှား၊ ရှင်းရှင်းလင်းလင်းကြီးကို သီးတတ်ပါတော့တယ်။ မှန်ဘီလူးနဲ့တောင် ကြည့်ဖို့ မလိုတော့ပါဘူး။ အကြိုက်တွေမတူ၊ အလိုတွေမညီတာနဲ့ပဲ စိတ်ကောက်ပြီး မခေါ်နိုင်၊ မပြောနိုင်တဲ့ အဖြစ်မျိုးတွေ ဖြစ်တတ် ပါတယ်။ 

တစ်ချို့ဆို တော်တော်နစ်နာခံနိုင်တဲ့၊ ခံနေတဲ့လူတွေကို တွေ့ဖူးတယ်။ အဲဒီလူမျိုးကျတော့ အခွင့်ကောင်းတွေ သိပ်မယူတတ်ဘူး။ အတ္တကြီးတဲ့သူတွေကတော့ သူချည်းပဲ ရအောင် ယူတတ်တယ်။ ဘုန်းဘုန်းရဲ့သဘောထားကတော့ တစ်လှည့်စီ ကောင်းတာပဲဖြစ်ဖြစ်၊ ဆိုးတာပဲ ဖြစ်ဖြစ် ခံယူသင့်တယ်လို့ ယူဆမိတယ်။ ဥပမာ ကားစီးတယ်ဆိုပါစို့ ထိုင်ခုံက မလုံလောက်တာရယ်ဖြစ်ဖြစ်၊ ထိုင်ခုံလုံလောက်နေ လည်း ပြတင်းပေါက်ဘက် စီးချင်တာ၊ ရှေ့မှာစီးချင်တာ၊ အလယ်မှာ စီးချင်တာ စသည်စသည်တွေပေါ့။


တစ်ချို့က စိုးရိမ်စိတ်များလွန်းတယ်၊ တစ်ချို့က စိုးရိမ်စိတ်အလွန်နည်းပါးပြီး ပေါ့ရော့နေသလို ဖြစ်တယ်။ တစ်ချို့က အပြစ်တင်စောတယ်၊ တစ်ချို့က စိတ်မြန်တယ်၊ တစ်ချို့က အေးဆေးနိုင်လွန်းတယ်။ ဒါတွေကတော့ ရောင်စုံစိတ်တွေပေါ့လေ။ ဗျာများတဲ့သူက အေးဆေးနိုင်သူကို အပြစ်တင်တတ်ပါတယ်၊ အပြစ်မြင်တတ်ပါတယ်။ အဲဒီလိုပါပဲ အေးဆေးနိုင်လွန်းတဲ့သူကလည်း စိတ်မြန်သူကို အပြစ်မြင်နေမှာ အမှန်ပါပဲ။ ဆိုတော့ ဘာမဟုတ်တဲ့ ကိစ္စလေးနဲ့ မပြောနိုင်၊ မခေါ်နိုင် မဖြစ်စေဘဲ တတ်စွမ်းသမျှ သည်းခံ ကြပြီးတော့ ဘုရားဖူးသွားရခြင်းရဲ့ ရည်ရွယ်ချက်ကို မပျောက်စေဘဲ စိတ်ထဲမှာ သတိဆိုတဲ့အရာလေးကို စူပါဂလူးနဲ့ ကပ်ထားဖို့ လိုသလို တုတ်တုတ်ခိုင်ခိုင် ချည်နှောင်ထားဖို့လည်း လိုပါတယ်။

ကြိုသိထားပြီး သတိထားရမည့်အရာတွေက တည်းခိုတဲ့ မြန်မာဘုန်းကြီးကျောင်းကနေပြီးတော့ ဘုရားကို သွားတဲ့လမ်းနဘေးတွေမှာ ဒေသခံပုဂ္ဂိုလ်တွေ၊ လူတွေ စွန့်ပစ်ထားတဲ့ အညစ်အကြေးတွေ ကို တွေ့နိုင်ပါတယ်။ အဲဒီလို အညစ်အကြေးတွေကို တွေ့ပြီး အလွန်ရွံရှာစရာ ကောင်းလှပါတယ်။ ရွံရှာပြီး အန်တောင်အန်ဖူးတဲ့ မြန်မာဒကာမတစ်ယောက်လည်း ရှိခဲ့ဖူးပါတယ်။ အဲဒီအတွက်လည်း အကုသိုလ် မဖြစ်စေဘဲ သတိထားရမည့် အရာတစ်ခုပါ။

အိန္ဒိယနိုင်ငံမှာ လမ်းဘေးမှာ အလေးအပေါ့ စွန့်ကြတာ၊ အမှိုက်သရိုက်မှန်သမျှ လမ်းပေါ် ပစ်ချတတ်ကြ တာဟာ ယဉ်ကျေးမှုတစ်ခုလို့တောင် ပြောရတော့မလိုပဲ။ အဲဒါ ဘာကြောင့်လည်းဆိုရင် အင်္ဂလိပ်တွေကို တိုက်ထုတ်စဉ်တုန်းက အင်္ဂလိပ်တွေနေတဲ့ အိမ်တွေဘေးမှာ အလေးအပေါ့ စွန်းခြင်းဖြင့် တိုက်ထုတ် ခဲ့တယ်လို့ ပြောကြတယ်။ အဲဒီကတည်းက အလေ့အထတစ်ခုလို ဖြစ်လာခဲ့တာလား မသိ။ အင်္ဂလိပ်တွေက အသန့်ကြိုက်တဲ့လူမျိုးတွေလေ။ အင်္ဂလိပ်တွေကို တိုက်ထုတ်နည်းတွေထဲမှာ ဒီနည်းလည်း တစ်ခုပါဝင်တယ် လို့ ပြောကြတယ်။

ပြီးတော့ ဘုရားပတ်ဝန်းကျင်မှာ သူတောင်းစားတွေဟာ ရာနဲ့ချီပြီး ရှိနိုင်ပါတယ်။ မြန်မာတို့ရဲ့ သဒ္ဓါတရားဟာ ကြီးမားလွန်းလှပါတယ်ဆိုတာကို အားလုံးက အသိပါ။ အဲဒီအချိန်မှာ သူတောင်းစားတွေကို ပေးကမ်းချင်တဲ့ သဒ္ဓါတရားကို ချုပ်တည်းထားသင့်ပါတယ်။ ရှိသမျှ သူတောင်းစားတွေကို အကုန်လုံး ပေးနိုင်ရင်တော့ တစ်မျိုးပေါ့။ တတ်နိုင်သလောက်ပဲ ပေးမယ်ဆိုပြီးတော့ မပေးလိုက်ပါနဲ့။ မရလိုက်တဲ့ သူတောင်းစားတွေက လူကို ဒုက္ခပေးတတ်ပါတယ်။ မရမချင်း လိုက်တောင်းနေပါလိမ့်မယ်။ အဲဒီနေရာမှာ ရဲတွေရှိနေရင်တော့ ရဲတွေက လိုက်ထိန်းပေးပေမယ့် ရဲမရှိတဲ့ တစ်ချို့နေရာတွေမှာ ဒုက္ခဖြစ်တတ်ပါတယ်။

မြန်မာအဖွားတစ်ယောက်က ဥရုဝေလတောင်မှာ (ဒုက္ကရစရိယာကျင့်တော်မူရာနေရာ) အတက်မှာလား၊ အတက်မှာလား မသိဘူး အကြွေလဲပြီး သူတောင်းစားတစ်ယောက်စနှစ်ယောက်စကို ပေးလိုက်ပြီး ကျန်ရှိနေသေးတဲ့၊ မရရှိသေးတဲ့သူတွေ ၀ိုင်းလာတော့ အဲဒီဒကာမကြီး ကျောက်တုံးတွေ ခင်းထားတဲ့ လမ်းပေါ်မှာ ချော်လဲပြီး အသက်ကို စတေးခဲ့ရဖူးတဲ့ အဖြစ်မျိုး ရှိခဲ့ဖူးတယ်လို့ မျက်မြင်ဘုန်းဘုန်း တစ်ပါးက ပြောပြဖူးပါတယ်။

ဘုန်းဘုန်းတို့ရောက်တုန်းကဆိုရင် ဒကာတစ်ယောက်က တစ်ယောက်စနှစ်ယောက်စကို သွားပေးလိုက် မိတာ ကားရပ်ထားတဲ့နေရာအထိ၊ ကားပြန်တက်ရတော့မယ့်အချိန်ထိကို မရမက လိုက်တောင်းနေ ပါတော့တယ်။ ရိုးရိုးမတောင်းတော့ဘူး။ အကြွေးတောင်းသလိုမျိုးကြီး တောင်းနေပါတော့တယ်။ အဝေး ကနေကြည့်တော့ ဘာပြဿနာဖြစ်လို့လည်းပေါ့။ ပြီးတော့ ဘယ်ဟုတ်ပါ့မလည်း တစ်ယောက်စနှစ်ယောက် စကို ပေးပြီး မရသေးတဲ့သူတွေက လိုက်ပြီး ဒုက္ခပေးနေတာတဲ့ဗျာ။ တစ်ချို့သူတောင်းစားတွေမှာ တုတ်တွေဘာတွေ ကိုင်ထားလို့။ ၀ိုင်းလာရင် ကြောက်ဖို့ သိပ်ကောင်းပါတယ်။
ရတဲ့ပိုက်ဆံကို  နေ့လယ်လောက်ဆိုဖဲရိုက်တာများတယ်   ဒုက္ကရစရိယာတောင်အောက်မှာ ကလေး
လူကြီးတွေများတော့လုပ်စားစရာမရှိတော့ တောင်းစားတာလေ  သုဇာတသူဋ္ဌေးအိမ်နားမှာလည်း တောင်းတဲ့သူတွေများတယ်  လူစုကွဲလိုကတော့  ကြမ်းတမ်းစွာတောင်းတတ်ကြောင်းသိစေအပ်သည်။

Friday, 14 October 2011

ကြည့်တတ်ဖို့သာ သင့်နလုံးသား ငါနှလုံးသာဖြစ်မည်

အကောင်းမမြင်လို့
အမြင်မကောင်းတာလား
အမြင်မကောင်းလို့
အကောင်းမမြင်တာလား
အကောင်းမြင်ရင်
အမြင်ကောင်းပါတယ်။

အနုတ် နဲ့  အပေါင်း
အကောင်း နဲ့  အဆိုး
အကျိုး နဲ့  အပြစ်
စစ် နဲ့ ငြိမ်းချမ်းရေး
လိုရင်းကို  ရွေးတတ်ဖို့ ပဲလိုတယ်။

အကောင်းတော့မြင်ကြတာပေါ့  ဒါပေမယ့်  အကြောင်း နဲ့  အကျိုးကိုသိထားရမယ်နော်

တူသော်လည်းမတူ

သူတောင်းစားချင်း တူသော်လည်း  တောင်းကြသောခွက်ထဲငွေအနည်းအများရခြင်းမတူသည်ကို
သတိထားမိနိုင်ကြပါလိမ့်မည်။
ထည့်သူ.မထည့်သူ.အားလုံးကို  ကောင်းစွာဆုတောင်းပေးသောသူတောင်းစားခွက်နှင့်
မထည့်သူအား မျက်စောင်းထိုးတတ်သော သူတောင်းစားခွက်ထက်ပို၍သဒ္ဓါကြေး ပိုနေတတ်သည်မှာ
သူတို့၏လုပ်ရပ်ကြောင့်သာ  ဖြစ်ပါသည်။
ငွေအရနည်းသော သူတောင်းစားက ခံစားမှုသက်သက်ကိုသာ ခံစားသူဖြစ်ပြီး
ငွေအရများသော သူတောင်းစားမှာ  ခံစားမှုထက်ပိုသော အမှားအမှန်တို့ ကို
ဝေဖန်ပိုင်းခြားနိုင်မှု   တစ်စုံ တစ်ရာရှိလာခြင်းကြောင့်ဖြစ်သည်။
ငါနှင့်သင်ဘယ်ထဲပါသလဲ ?

Monday, 3 October 2011

လှလှသေသူ

သေခါနီးလေး
ကြိုတင် တွေးကြည့်
စိတ်အေးချမ်းသာ
သေနိုင်မှာလော။

စွဲလန်း၍သာ
သင်-သေမှာလော
မိန်းမောတွေဝေ
သင်-သေမှာလော။

ယောင်ယမ်းလူးလွန့် 
သက်စွန့် မှာလော။
ဟစ်အော်ငြီးကာ
သေသွားမှာလော။

သက်ရှင်နေစဉ်
ကုသိုလ် ခင်မှ
သေစဉ်လှလှ
သင်-သေရလိမ့်မည်။
....ငါလည်းပါဝင်သေးသည်.......

စစ်မှန်သော ဆန္ဒ

ရောင်ဝါထွန်းလင်း
ရှင်နေမင်းလို
လေးကျွန်းတစ်မြင့်မိုရ်
မလင်းလိုလဲ နေပါစေ။

ညအမှောင်ခွင့်
ဖိုးလမင်းလို
လေးကျွန်းတစ်မြင့်မိုရ်
မလင်းလိုလဲ့ နေပါစေ။

သို့ သော်ငြားလည်း
ခန်းကျဉ်းထဲ့မှာ
လင်းရောင်ဝါကို
ပေးစွမ်းနိုင်တဲ့
မီးတိုင်ငယ်လေးမျိုးတော့ ဖြစ်ချင်ပါ၏။

Sunday, 2 October 2011

သင်လား ငါလား

ဗေဒင်အဟော
သဘောတော်ကျ၊ယတြာဆင်
မကြာခင်လေး
ရွှေသူဌေး ဖြစ်တော့မလို။

လက္ခဏာဟော
သဘောတော်ကျ၊ မွေးရက်လမှာ
ရှစ်မျက်နှာဘုရား
ဓာတ်ပန်းများလှူ။သူ့အယူက
ရက် လ မကြာ
လူချမ်းသာ ဖြစ်တော့မလို။

နတ်ကတော်ပြော
သဘောတော်ကျ၊ပ- သ၇သည်
အန္တရာယ်ကင်း၊ရန်စွယ်ရှင်းပြီး
တိုက်ကြီး ကားကြီး၊စည်းစိမ်ကြီးကာ
အသက်ရာကျော် ရှည်မလို။

ပြုသမျှကံ
ပြောသမျှကံ၊ကြံသမျှကံ
ထိုထိုကံတွင်
ကောင်းကံပြုပြန်၊ကောင်းကျိုးစံ၍
ဆိုးကံပြုက၊ဆိုးကျိုးရမည်
ကမ္မသတ္တိ၊စွမ်းရည်ရှိကို
အသိမမှန်။ဖောက်ပြန်မိုက်မှား
ထိုလူစားမှာ၊သင်ပါသလား....
ငါပါသလား....ပြန်စဉ်းစား၊

Friday, 30 September 2011

သူတော်ကောင်းဆိုတာ.....



ရဟန်းတို့ သူတော်ကောင်းသည် သူတော်ကောင်းကို ''ဤအသျှင် သည် သူတော်ကောင်းတည်း''ဟု သိနိုင်ရာသလောဟု မေးတော်မူ၏။

အသျှင်ဘုရား သိနိုင်ရာပါ၏ဟု လျှောက်ကြကုန်၏။

ရဟန်းတို့ဟုတ်မှန်၏။ သူတော်ကောင်းသည် သူတော်ကောင်းကို ''ဤအသျှင်သည် သူတော်ကောင်းတည်း'' ဟု သိနိုင်ရာသော အကြောင်းသည်ရှိသည်သာတည်း။

ရဟန်းတို့
သူတော်ကောင်းသည် သူယုတ်မာကို ''ဤအသျှင်သည် သူယုတ်မာ တည်း''ဟု သိနိုင်ရာသလောဟု မေးတော်မူ၏။ အသျှင်ဘုရား သိနိုင် ရာပါ၏ဟု လျှောက်ကြကုန်၏။ ရဟန်းတို့ ဟုတ်မှန်၏။ ရဟန်းတို့ သူ တော်ကောင်းသည် သူယုတ်မာကို ''ဤအသျှင်သည် သူယုတ်မာ တည်း ''ဟု သိနိုင်သောကြောင်းသည် ရှိသည်သာတည်း။

၁။ သူတော်ကောင်းသည် သူတော်ကောင်း တရားနှင့်ပြည့်စုံ၏၊
၂။ သူတော်ကောင်း၌ ဆည်းကပ်ခြင်း ရှိ၏၊
၃။ သူတော်ကောင်း အကြံကို ကြံလေ့ ရှိ၏၊
၎။ သူတော်ကောင်းတို့ အတိုင်ပင်ကို တိုင်ပင်လေ့ ရှိ၏၊
၅။ သူတော်ကောင်းတို့၏ စကားကို ပြောဆို၏၊
၆။ သူတော်ကောင်းတို့၏ အမှုကို ပြုလုပ်၏၊
၇။ သူတော်ကောင်းတို့၏ အယူကို ယူလေ့ရှိ၏၊
၈။ သူတော်ကောင်းတို့၏အလှူကို ပေးလှူ၏။

(၁)
ရဟန်းတို့ ဤလောက၌ သူတော်ကောင်းသည် ယုံကြည်မှု သဒ္ဓါတရား ရှိ၏၊ အကုသိုလ်မှ ရှက်ခြင်းရှိ၏၊ အကုသိုလ်မှ လန့်ခြင်းရှိ၏၊ အကြား အမြင် များ၏၊ လုံ့လကို အားထုတ်၏၊ ရှေးရှုထင်သော သတိရှိ၏၊ ပညာရှိ၏။ ရဟန်းတို့ ဤသို့လျှင် သူတော်ကောင်းသည် သူတော် ကောင်းတရားနှင့် ပြည့်စုံ၏။
(၂)
ရဟန်းတို့ ဤလောက၌ ယုံကြည်မှု သဒ္ဓါတရားရှိကုန်သော၊ အကု သိုလ်မှ ရှက်ခြင်း ရှိကုန်သော၊ အကုသိုလ်မှ လန့်ခြင်း ရှိကုန်သော၊ အကြားအမြင် များကုန်သော၊ လုံ့လကို အားထုတ် ကုန်သော၊ ရှေးရှု ထင်သော သတိ ရှိကုန်သော၊ ပညာ ရှိကုန်သော သမဏဗြာဟ္မဏတို့ သည် ထိုသူတော်ကောင်း၏ မိတ်ဆွေ ဖြစ်ကုန်၏၊ အပေါင်းအဖော် ဖြစ်ကုန်၏။ ရဟန်းတို့ ဤသို့လျှင် သူတော်ကောင်းသည် သူတော် ကောင်း၌ ဆည်းကပ်ခြင်းရှိ၏။
(၃)
ရဟန်းတို့ ဤလောက၌ သူတော်ကောင်းသည် မိမိဆင်းရဲစေခြင်းငှါ မကြံ၊ သူတစ်ပါး ဆင်းရဲခြင်း စေခြင်းငှါ မကြံ၊ နှစ်ဦးလုံးကို ဆင်းရဲစေ ခြင်းငှါမကြံ။ ရဟန်းတို့ ဤသို့လျှင် သူတော်ကောင်းသည် သူတော် ကောင်း အကြံကို ကြံလေ့ရှိ၏။
(၄)
ရဟန်းတို့ ဤလောက၌ သူတော်ကောင်းသည် မိမိကို ဆင်းရဲစေခြင်း ငှါ မတိုင်ပင်၊ သူတစ်ပါးကို ဆင်းရဲစေခြင်းငှါ မတိုင်ပင်၊ နှစ်ဦးလုံးကို ဆင်းရဲစေခြင်းငှါ မတိုင်ပင်။ ရဟန်းတို့ ဤသို့လျှင် သူတော်ကောင်း သည် သူတော်ကောင်း အတိုင်ပင်ကို တိုင်ပင်လေ့ရှိ၏။
(၅)
ရဟန်းတို့ ဤလောက၌ သူတော်ကောင်းသည် မဟုတ်မမှန် ပြောဆို ခြင်းမှ ရှောင်ကြဉ်၏၊ ကုန်းစကားကို ပြောဆိုခြင်းမှ ရှောင်ကြဉ်၏၊ ကြမ်းတမ်းသောစကားမှ ရှောင်ကြဉ်၏၊ သိမ်ဖျင်းသောစကားမှ ရှောင် ကြဉ်၏။ ရဟန်းတို့ ဤသို့လျှင် သူတော်ကောင်းသည် သူတော် ကောင်း စကားကို ပြောဆို၏။
(၆)
ရဟန်းတို့ ဤလောက၌ သူတော်ကောင်းသည် အသက်သတ်ခြင်းမှ ရှောင်ကြဉ်၏၊ မပေးသည်ကိုယူခြင်းမှ ရှောင်ကြဉ်၏၊ ကာမတို့၌ မှား ယွင်းသောအကျင့်ကို ကျင့်ခြင်းမှ ရှောင်ကြဉ်၏။ ရဟန်းတို့ ဤသို့လျှင် သူတော်ကောင်းသည် သူတော်ကောင်း အမှုကို ပြုလုပ်၏။
(၇)
ရဟန်းတို့ ဤလောက၌ သူတော်ကောင်းသည် ဤသို့ ယူလေ့ရှိ၏ ''ပေးလှူအပ်သောအလှူ၏ အကျိုးသည် ရှိ၏၊ ယဇ်ခေါ်ပူဇော်မှုကြီး၏ အကျိုးသည် ရှိ၏၊ ဟုံးပူဇော်ခြင်း၏ အကျိုးသည်ရှိ၏၊ ကောင်းမှု မကောင်းမှုတို့၏ အကျိုး ဝိပါက်သည် ရှိ၏၊ ဤလောကသည် ရှိ၏၊ တစ်ပါးသောလောကသည် ရှိ၏၊ အမိ၌ ပြုအပ်သော အကျိုးသည် ရှိ၏၊ အဖ၌ ပြုအပ်သော အကျိုးသည် ရှိ၏၊ (တစ်ဆယ့်ငါးနှစ်ရွယ် ပဋိသန္ဓေအားဖြင့် ကိုယ်ထင်ရှား ဖြစ်ပေါ်လာသော) ဥပပါတ် သတ္တဝါ တို့သည်ရှိကုန်၏၊ ဤလောကကို လည်းကောင်း၊ တစ်ပါးသော လောကကို လည်းကောင်း၊ ကိုယ်တိုင်ထူးသောဉာဏ်ဖြင့် သိ၍ မျက် မှောက်ပြုလျက် ဟောကြားနိုင်ကုန်သော ဖြောင့်မှန်သော အရိယမဂ် သို့ ရောက်ကုန်သော ကောင်းသော အကျင့် ရှိကုန်သော သမဏ ဗြာဟ္မဏတို့သည် လောက၌ ရှိကုန်၏''ဟု ဤသို့ အယူရှိ၏။ ရဟန်းတို့ ဤသို့လျှင် သူတော်ကောင်းသည် သူတော်ကောင်း အယူကို ယူလေ့ရှိ၏။
(၈)
ရဟန်းတို့ ဤလောက၌ သူတော်ကောင်းသည် အလှူကို ရိုရိုသေသေ ပေးလှူ၏၊ ကိုယ်တိုင် လှူ၏၊ စိတ်ပါ လက်ပါလှူ၏၊ စွန့်ပစ် သကဲ့သို့ မလှူ၊ အကျိုး ရှိလိမ့်မည် ဟု အယူရှိ၍ လှူ၏။ ရဟန်းတို့ ဤသို့လျှင် သူတော်ကောင်းသည် သူတော်ကောင်းတို့၏ အလှူကို လှူ၏။ (၈)

ရဟန်းတို့ ......
သူတော်ကောင်းသည် ဤသို့ သူတော်ကောင်း တရားနှင့် ပြည့်စုံ၍ ဤသို့ သူတော်ကောင်း၌ ဆည်းကပ်ခြင်းရှိ၍ ဤသို့ သူတော်ကောင်း အကြံကို ကြံလေ့ရှိ၍ ဤသို့ သူတော်ကောင်းအတိုင်ပင်ကို တိုင်ပင်လေ့ရှိ၍ ဤသို့ သူတော်ကောင်း စကားကို ပြောဆို၍ ဤသို့ သူတော်ကောင်းတို့၏ အမှုကို ပြုလုပ်၍ ဤသို့ သူတော်ကောင်း အယူကို ယူလေ့ရှိ၍ ဤသို့ သူတော်ကောင်းတို့၏အလှူကို လှူ၍ ကိုယ် ခန္ဓာပျက်စီး၍ သေသည်မှ နောက်၌ သူတော်ကောင်းတို့၏ လားရာဂတိ၌ဖြစ်ရာ၏။ ရဟန်းတို့ သူတော်ကောင်းတို့၏ လားရာ ဂတိသည်ကား အဘယ်နည်း၊ မြတ်သောခြောက်ပါးသော ကာမဝစရ နတ်အဖြစ် လည်းကောင်း၊ မြတ်သော လူအဖြစ် လည်းကောင်း တည်း ဟုမိန့်တော်မူ၏။

မြတ်စွာဘုရားသည် ဤတရားကို ဟောတော်မူ၏။ ထိုရဟန်းတို့သည် မြတ်စွာဘုရား၏ စကားတော်ကို ဝမ်းမြောက် ဝမ်းသာ လွန်စွာ နှစ်သက်ကုန်ပြီ။
(စူဠပုဏ္ဏမသုတ်)