စိတ်ဆိုးနေသူကို မိမိဖက်က ဒေါသပြန်၍ မထွက်ခြင်းဖြင့် အနိုင်ယူရာ၏
လူယုတ်မာကို မိမိဖက်က ကောင်းမွန်စွာပြုမှု ပြောဆိုဆက်ဆံခြင်းဖြင့် အနိုင်ယူရာ၏
နှမြော တွန့်တိုသူကို မိမိဖက်က ပေးကမ်းခြင်းဖြင့် အနိုင်ယူရာ၏
လိမ်ပြောသူကို ကိုယ်ဖက်က မှန်မှန်ကန်ကန်ပြောဆိုခြင်းဖြင့် အနိုင်ယူရာ၏
ဓမ္မပဒ (၇၆)