Monday, 14 May 2012

ရဟန်းသံဃာများ နိုင်ငံခြားသို့ ထွက်ခြင်းသည် အကျိုးရှိ မရှိ ပြောရာဝယ်

                အကောင်းပြောခြင်းနဲ့ မကောင်းပြောခြင်း

ကောင်းပါတယ် ရဟန်းသံဃာများ နိုင်ငံခြားထွက်ခြင်းသည် ကောင်းကောင်းမှကောင်းပြောလိုပါသည်။
ဘယ်လိုကောင်းတာလည်း ပြောပေးပါအုံး ဘာသာရေးအတွက်သော်လည်းကောင်း သာသနာရေးအတွက်
သော်လည်းကောင်း အမျိုးသားရေးအတွက်သော်လည်းကောင်း  ဘက်ပေါင်းစုံတော်လာ တတ်လာမည်
အခက်အခဲတွေကို ဘယ်လိုဖြေရှင်းရမလဲစသည်ကို experience ကအစကွာသည်ကိုတွေ့ပါလိမ့်မယ်
နိုင်ငံခြားကိုသွားဖူးတဲ့သူဟာ နိုင်ငံခြားမှာ ပြဿနာကို   မိခင်ဘာသာနဲ့ဖြေရှင်းရတာ  မဟုတ်ပါဘူး
ပြဿနာကိုမပြောပါနဲ့အုံး သာမန်ဈေးဝယ် ဈေးသွားတောင်မှ မိခင်ဘာသာနဲ့ဖြေရှင်းလိုရတာမဟုတ်ပါဘူး
ဆိုလိုတာက အရာရာကိုဖြေရှင်းရာဝယ်  experience  အတွေ့အကြုံက စကားပြောသွားသည်
ပြောစရာတစ်ခုရှိတယ် ရဟန်းသံဃာများနဲ့ အတွေ့အကြုံက ဘာဆိုင်သလဲ?စသည်ပေါ့ပြောလေ
ပြောထရှိတယ်လေ  အတွေ့အကြုံကလိုပါတယ် ဘာသာရေးခေါင်းဆောင်တစ်ယောက်အနေနဲ့ကတော့ 
မရှိမဖြစ်လိုအပ်နေတာ အသေအချာပါပဲ ဘာသာရေးခေါင်းဆောင်တွေက အသိပညာ အတတ်ပညာ
မဲနေမယ်ဆိုရင်တော့ ဘာသာကိုကိုးကွယ်သူတွေအတွက်ကတော့ ပြောစရာမရှိလောက်ပါဘူး 
ဘာကြောင့်လည်း  လောကမှာ ပညာတည်းဟူသော အလင်းရောင်ကြောင့် သွားရာ လာရာ၌ အဆင်ပြေစေတာတော့ အသေချာပါပဲ  တစပ်ထဲ့ပြောလိုက်မယ် ဘာသာရေးဟာ နှလုံးသားရဲ့ ပညာရေးပါပဲ
ဘယ်လိုပညာရေးလဲ ပြောပါအုံး လူတွေရဲ့ စိတ်တွေဟာ နုးညံ့ခြင်းကိုပေးတာက နှလုံးသား။
နှလုံးသားကိုနူးညံ့မှု့ပေးတာ ပညာရေးပါပဲ  ဘယ်လိုပညာရေးလဲ မေးစရာပါ
လောကမှာ ပညာဆိုတာ အသိပညာ အတတ်ပညာတွေပေါ့   ဘာသာရေးပဲလေ့လာ လူမှုရေးပဲလေ့လာ
စီးပွားရေးပဲလေ့လာ အသိပညာနဲ့အတတ်ပညာနဲ့ လေ့လာရမယ်လေ
အကောင်းဆုံးနဲ့ အဆိုးဆုံးပေးတတ်တဲ့ အရာဟာ ဘာသာရေးပါပဲ  အဲဒီဘာသာရေးကိုလေ့လာတဲ့နေရာ
အသိပညာနဲ့ အတတ်ပညာက အရေးကြီးပါတယ် ဘာသာရေးခေါင်းဆောင်တဲ့သူတွေက အရည်အသွေး
ကအဓိလိုအပ်ပါတယ်  အဲဒါကြောင့် နိုင်ငံခြားသွားတာ အကျိုးရှိတယ်  ပြောလိုပါတယ်။

                    မကောင်းတဲ့ဘက်ကကြည့်မယ်

နိုင်ငံခြားသွားမယ် ရဟန်းသံဃာတွေက အသိပညာကို ရှေ့တန်းတင်ပြီးသွားသင့်တယ်လေ ဒါမှရလာတဲ့ 
အသိပညာ နဲ့ အတတ်ပညာ တန်ဖိုးရှိမယ်လေ   မကောင်းတာလုပ်မယ် နေထိုင်ရာဝယ် မဆင်မခြင်နေမယ်
ဆိုရင်တော့ ဘယ်လိုမှ မသွားသင့်ဘူးလေ  ရလာတာနဲ့ မထိုက်တန်းဘူးလေ  
သွားမယ်ရဟန်းတော်တွေက ကြိုးစားမယ်လို စာရေးသူ ထင်ပါတယ် သာသနာ ဘာသာေ၇း လုပ်ဆောင်လိမ့်မယ်လို ဘာသာရေးခေါင်းဆောင်တွေကို ယုံကြည်စွာဖြင့် စောင့်မျှော်နေလျှက်ပါ 

၁၄.၅.၂၀၁၂. ဖိုလေးလုံး

Sunday, 13 May 2012

အိန္ဒိယနိုင်ငံ မြန်မာကျောင်းသားကျောင်း


အိန္ဒိယနိုင်ငံ မြန်မာကျောင်းသားကျောင်း သင်တန်းများ အမှတ်တရဓာတ်ပုံများ

ဖိုလေးလုံး အကြောင်း

ဖိုလေးလုံးဆိုသည်မှာ  အများကမေးကြသည် ဘာတွေကိုပြောကြတာလဲ ဘာအတွက်ရေးတာလဲ စသည်ပေါ့
နိုင်ငံရေးကို ၈၈၈၈လေးလုံး အကြောင်းပြုရေးတာလားပေါ့  မေးလေ့ မေးထရှိပါတယ်ုသို့သော်လည်း
စာရေးသူက ပြောလိုတာက  ဘယ်တွေသူ ဘာပဲပြောပြော ကိုယ်ချစ်မြတ်နိုးတဲ့ အရာဝတ္ထုကို ဦးထိပ်ထားတာ
မြန်မာပြည်သူ မြန်မာပြည်သားတွေ ပြောစရာမလိုလောက်ပါဘူး  ဖိုလေးလုံးဆိုတဲ့ နာမည်လေးကိုရေးဖို့ဟာ
နိဒါန်းပျိုးနေတာပါ  ဘ၀ကို အစပြုပြီး ဖြစ်လာတဲ့ မမေ့အပ်တဲ့အရာပါပဲ  အဲဒါက  မကွေးမြို့ရဲ့ အရှေဘက်မိုင်၂၀
နေပြည်တော်လမ်းမကြီးရဲ့ လွှဲမရတဲ့နေရာမှာတည်ရှိနေသော  ဘာသာ သာသနာ လူမျိုးတို့ရဲ့ ယဉ်ကျေးမှုကို
သာသာယာယာတွေ့နိုင်တဲ့ မြန်မာပြည်ရဲ့ ကျေးရွာလေးပါပဲ  ဖိုလေးလုံးဆိုတာ  လောကုတ္တရာထဲ့က မဂ်ဖိုလ်
တွေ မဟုတ်တာတော့ ပြောရမှာအသေချာပါပဲ ဒြပ်ကိုစွဲ၍ဖြစ်လာသော နာမည်ပါပဲ အရှေဘက်မှာက ဖိုကြီးရွာ
ုနှင့် ဖိုငါးလုံးရွာ အနောက်ဘက်မှာတော့ ဖိုကုန်ရွာ နှင့် သံဖိုရွာတွေ ခြံရံလျှက် တည်ရှိနေသော အိမ်ခြေ (၁၀၀၀)နီးပါးရှိပါတယ်  ဒါပေမယ့် စာရေးသူသည် ဘ၀ကိုအခြေပြုရာဖြစ်သော ဤဒီရွာကြီး ဘယ်နေရာပင်ရောက်ရောက် မေ့မယ်ဆိုတာ မတွေးရက်ပါဘူး ဘာကြောင့်လည်းဆိုတော့ အားနည်းသူတို့ကို
မေတ္တာသာနှင့် မက သစ္စာလည်းဆိုရဲ့ရမယ်လေ  အိမ်ခြေ(၁၀၀၀)နီးပါးရှိသော်လည်း ဘာသာရေးမှာအားနည်းမှု မရှိသော်  လောကသဘောအရ တစ်ခုခုတော့ အားနည်းသေးတာ သေချာပါတယ်
ဖိုလေးလုံးမှာတော့ ပညာရေး အကြောင်းလေး ဆွေးနွေးပြောပြမယ်လေ စာရေးသူသည်  ခေတ်ပညာရေးကို
မတတ်နိုင်တဲ့ ဘ၀မှာနေခဲ့ရတာတော့ အသေအချာပါပဲ  ဘာကြောင့်လည်း ရိုးရိုးလေးပြောမယ်ဆိုရင်တော့
အဆင်မပြေလိုပေါ့  စာရေးသူသည်သာမက စာရေးသူရဲ့ဆွေမျိုးတွေဟာ %၇၀%လောက်က မတတ်နိုင်ခဲ့ပါဘူး   ဤရွာမှာ ချမ်းသာတဲ့သူတွေက အမျှော်အမြင်ပဲမရှိလိုလား  ?
္မဦးဆောင်တဲ့သူတွေကပဲ ညံ့လိုလား?မေးစရာပါပဲ  ပြောပြရင်တော့ အခုထိတော့   အစိုးရပညာရေးကျောင်းက အခြေခံမူလလွန်ပဲရှိသေတာ ၀မ်းနည်းစရာပါပဲ
ဖြစ်လိုဖြစ်ငြား ဆိုကြိုးစားနေရတာ  အဆင်မပြေသေးပါဘူး   တစ်ခါတစ်လေ စာရေးသူသည်
စိတ်ကူးယဉ်ကြည့်သေးတယ်လေ ချမ်းသာတဲ့သူက ဒို့ရွာကိုလာပြီး ပညာရေးကောင်းအောင်
လုပ်ပေးတဲ့သူ တစ်ယောက်ပေါ်ပေါက်စေလို  ဖြစ်ပေါ်မလာတဲ့စိတ်ကူးတွေ တစ်ဖြေဖြေနဲ့ ကြီးထွားလာတာ
နဲ့ ကိုယ်တိုင်ဖြစ်အောင်ကြိုးစားမယ် စိတ်တွေ ဖြစ်ပေါ်လာတာဟာ  ဖိုလေးလုံးဆိုတဲ့ ရွာဟာ အားဆေးတစ်ခွက်လောက် ဖြစ်ပါစေ

သတ္တ၀ါတွေရဲ့ မရှိမဖြစ်တဲ့ရေ အကြောင်းပြောမယ်လေ

အိမ်ခြေက(၁၀၀၀)နီးပါး ဖြစ်ပင်ဖြစ်ငြားသော်လည်း  အညာဒေသမှာ ရေရှားတာ ဤဖိုလေးလုံးဆိုတာ
သေချာပါတယ်   လက်ရှိနိုင်ငံတကာ ခေတ်မီပါတယ်ဆိုတဲ့  ပြောပင်ပြောငြားသော်လည်း စာရေးသူတို့ရွာမပါဘူး  နိုင်ငံတော်က ကျေးလတ်ရွာကို ရေရအောင်လုပ်ပေးတယ်ဆိုတာ တကယ်ကော
ဟုတ်ရဲ့လားပေါ့  ဘာကြောင့်ဒီလိုပြောသလဲ ဆိုတော့ ဒီရွာကြီးကို လူဦးရေ(၅၀၀၀)ကျော်လောက်ကို
ရေ ဂါလံ ဘယ်လောက်ဆိုဖြစ်နိုင်လောက်လဲ  ဒီရွာလုံးပေါင်းမှာ အင်ဂျင်စက်(၂)လုံးပဲရှိတာလေ 
ဒီထက်ပြောပြရင်တော့ ၀မ်းနည်းစရာတွေပါပဲ   `....................................................
စာရေးသူသည် အကျိုးကိုသယ်ပို့ဆောင်ရွက်နိုင်တဲ့သူတွေ နဲ့ အများအကျိုးကိုလုပ်နိုင်တဲ့သူတွေ ဒီစာဖတ်စေမိပါစေလို ဆုတောင်မိပါတယ် 

Thursday, 8 March 2012

life

sometimes,something unexpected might become and sometimes, something expected might not  become
in our human life

Monday, 20 February 2012

အနိုင်ယူမည်

စိတ်ဆိုးနေသူကို မိမိဖက်က ဒေါသပြန်၍ မထွက်ခြင်းဖြင့် အနိုင်ယူရာ၏
လူယုတ်မာကို     မိမိဖက်က  ကောင်းမွန်စွာပြုမှု ပြောဆိုဆက်ဆံခြင်းဖြင့် အနိုင်ယူရာ၏
နှမြော တွန့်တိုသူကို    မိမိဖက်က    ပေးကမ်းခြင်းဖြင့်   အနိုင်ယူရာ၏
လိမ်ပြောသူကို  ကိုယ်ဖက်က မှန်မှန်ကန်ကန်ပြောဆိုခြင်းဖြင့် အနိုင်ယူရာ၏
             ဓမ္မပဒ (၇၆)

Saturday, 24 December 2011

ဆိုင်းဘုတ်အောက်ကမြန်မာ



 မြတ်ဗုဒ္ဓ၏ ဗောဓိဥာဏ်ရခဲ့သည့် နေရာမြတ်မဟာတွင် အပြည်ပြည်ဆိုင်
ရာ ထေရာဝါဒရဟန်းတော်များ စုပေါင်းကာမြတ်ဗုဒ္ဓ၏ နူတ်ကမ္ပတ်တော်မှထွက်သော တရားတော်များကိုရွှတ်
ဖတ်ပူဇော်ကြရာဝယ် နိုင်ငံတကာထေရာဝါဒ ရဟန်းတော်များ၏ စည်းလုံးညီညာမူကိုေ
           မဇ္ဈိမဒေသဟူသည် မြတ်စွာဘုရားဖြစ်ဖို့ရန်အတွက် လေးသင်္ချေနဲ့ကမ္ဘာတစ်သိန်း ပါရမီဖြည့်လာခဲ့ရာ
နောက်ဆုံးပန်းတိုင် ဖြစ်ရာဖြစ်သော  ဖ်ာထုပ်ပြသသောအခွင့်
အရေးတစ်ရပ်ကို ယခုအချိန်ခါဝယ် မြန်မာနိုင်ငံသူ နိုင်ငံသားတို့ရဲ့ စွမ်းဆောင်မူကို နိုင်ငံတကာသို့ပြသရတော့
မည်။       ဗုဒ္ဓဂယာတွင်ရှိကြသည့် ထေရာဝါဒဆိုင်ရာ ဆရာတော်များက ဖွဲ့စည်းထားသောနိုင်ငံတကာတိပိဋ
ကချန်းတင်းအဖွဲ့ကြီးကို ခရစ်နှစ် (၂၀၀၆)ခုနှစ်က စတင်တည်ဆောက်ခဲ့သော်လည်း မြန်မာနိုင်ငံအနေဖြစ် လာ
မည့်နှစ်မှသာလျှင် နိုင်ငံတကာတိပိဋက ချန်းတင်းရွှတ်ဖတ်ပူဇော်ပွဲ၏ ဦးဆောင်မူကို  ပြုလုပ်ရမည်ဖြစ်သည်။ ယခင့်ယခင်ကနှစ်တွေက နိုင်ငံတကာထေရာဝါဒနိုင်ငံဖြစ်သော သီရိလင်္ကာနိုင်ငံ ထိုင်းနိုင်ငံ လာအိုနိုင်ငံ နီပေါနိုင်ငံ များကဦးဆောင်ခဲ့ခြင်းဖြစ်သည်။
မြန်မာနိုင်ငံအနေဖြစ် အကြောင်းအမျိုးမျိုးကြောင့် နိုင်ငံတကာတိပိဋကချန်းတင်းရွတ်ဖတ်ပူဇော်ပွဲကို ဦးဆောင်မူမရှိခြဲ့ခင်းဖြစ်သည်။  ထိုအတွက်ကြောင့်  နိုင်ငံတကာတိပိဋကရွှတ်ဖတ်ပူဇော်ပွဲကို မြန်မာနိုင်ငံသူ နိုင်ငံသားတို့က
စည်းလုံးညီညာမူကို ပြသရတော့မည်ဖြစ်ပေသည်။ မြန်မာနိုင်ငံသူ နိုင်ငံသားတို့ရဲဆိုင်းဘုတ်အောက်
မှာမွေးဖွားလာသော သူတွေအတွက်က တာဝန်ဆိုတာထက် အမျိုးဂုဏ် ဇာတိဂုဏ် ချစ်မြတ်နိုးသူတွေဆိုတာ
ဖြစ်သင့်ပေသည်။  
မြန်မာလူမျိုးမှန်ရင် မျိုးချစ်စိတ်ဓာတ် ထက်ထက်သန်သန်ရှိစမြဲဆိုတာ ယုံကြည်ပါသည်။ မြန်မာလူမျိုးတွေ
ဟာ  အချင်းချင်းဘယ်လောက်ပင် ကွဲပြားစေကာမူ မြန်မာမှတစ်ပါး  အခြားတိုင်းတပါးသူတွေကို
ယှဉ်ပြိုင်တဲ့အခါမှာ စည်းလုံးညီညွတ်မူကို စံပြဖြစ်အောင်ပြုလုပ်နိုင်သည်ဟု ယုံကြည်ပါသည်။ စာရေးသူတို့ မြန်မာလူမျိုးတစ်ယောက်မှာခံစားရတယ်ဆိုတာ အသေအချာ ယုံကြည်ပါသည်။ ယုံကြည့်သည့်အားလျှော်စွာ…
 ဒီလိုနိုင်ငံတကာ ဗုဒ္ဓ ပိဋကတ်သုံးပုံရွတ်ဖတ်ပူဇော်ပွဲကို ဗုဒ္ဓနဲ့ပတ်သက်သောအရာရာကိုဦးဆောင်လာတဲ့ဒို့မြန်မာတွေကိုတိုင်းတစ်ပါးသူတွေကနိုင်ငံတကာပိဋကတ်သုံးပုံရွတ်ဖတ်ပူဇော်ပွဲကို”ဦးဆောင်မူမလုပ်နိုင်လောက်ပါဘူးတဲ့”ပြောလာတော့ သူတစ်မျိုး ငါတစ်မျိုးလိုထင်ရတဲ့ဒို့မြန်မာတွေဟာ မြန်မာလူမျိုးဟူသော ဆိုင်းဘုတ်အောက်မှာ အမျိုးကို
ချစ်သော အမျိုးချစ်ဓိတ်ဓာတ် မြန်မာလူမျိုးဟူသော ဇာတိဂုဏ်ကိုပြသရတော့မည်လေ ….
တကယ်တော့မြန်မာဟာ ပြိုင်ဘက်တွေကိုစောင့်နေတဲ့ မြန်မာခြင်္သေ့မင်းဖြစ်ပါသည်။ ဇာတိဂုဏ်ကိုထင်ဟပ်စေတဲ့ အမျိုးသားရေးကိုထက်ထက်သန်သန်ရှိတဲ့မြန်မာဖြစ်ပေသည်။
ဗုဒ္ဓမြတ်စွာဘုရားပွင့်လာတော့ ဗုဒ္ဓဘုရားရဲ့ဆံတော်ကို အမျိုးသားရေစိတ်ဓာတ် ထက်ထက်သန်သန်ရှိတဲ့ မြန်မာလူမျိုး တဖုဿနဲ့ဘလ္လိကတို့ကို အမျိုးသားရေးကောင်းစားဖို့အတွက် မြတ်စွာဘုရားဆီက ဆံတော်(၈)ဆူကိုမြန်မာပြည်သူ မြန်မာသား အများကြည်ညိုစေလိုသောကြောင့် အရှေှး့မြန်မာလူမျိုးတွေ ဂုဏ်ယူစရာ တစ်မျိုးလိုခေါ်ရမည်ဖြစ်ပေသည်။ မျိုးချစ်စိတ်ဓာတ်ထက်ထက်သန်သန်ရှိတယ်ဆိုတာကို သမိုင်းကပြောပြနေခြင်းဖြစ်သည်။ ဘယ်လောက်ဝေးစေကာမှု မျိုးချစ်စိတ်ဓာတ်ပြသခဲ့မှုဟာ
ယူဇနာ ရာလောက်မကဝေးသော်လည်း ထက်ထက်သန်သန်အမျိုးသားရေးလုပ်ခဲ့တာ မြန်မာပင်ဖြစ်ပေသည်။
ဗုဒ္ဓရဲ့သမိုင်းမှာသရဏဂုဏ်ဦးစွာပထမနေရာယူကာဆောက်တည်ခဲ့တာမြန်မာပါ။ဗုဒ္ဓရဲ့ပိဋကတ်သုံးပုံကိုအာဂုံဆောင်ပုဂ္ဂိုလ်တွေဟာ မြန်မာပင်ဖြစ်ပေသည်။ နိုင်ငံတကာမှာဗုဒ္ဓရဲ့ပိဋကတ်သုံးပုံကို ၀ိနည်း၊သုတ္တန်၊ အဘိဓမ္မာ မရွေး တတ်မြောက်ကျွမ်းကျင်တာ မြန်မာပင်ဖြစ်ပေသည်။
ဗုဒ္ဓနှင့်ပက်သတ်လျှက်ရှိသောအကြောင်းအရာများစွာကို ဦးဆောင်ပါလျှက် ဒီလိုမခတ်ခဲတဲ့ နိုင်ငံတကာ ပိဋကတ်သုံးပုံရွတ်ဖတ်ပွဲကိုဘာကြောင့် ဦးမဆောင်နိုင်ရမလဲ ဒို့မြန်မာရယ် မြန်မာလူမျိုးမှန်ရင်ဖြင့် မြန်မာရဲ့ဇာတိဂုဏ် အမျိုးသားရေးဂုဏ်ကိုဆောင်နိုင်အောင်ကြိုးစားရမည်။
အခြေအနေတရပ်ကို ရင်ဆိုင်ခြင်းဖြင့် အောင်ပွဲခံရမည်ဖြစ်ပေသည်။ဒီလိုအချိန်အခါရောက်လာသည့်အတွက်ကြောင့်မြန်မာနိုင်ငံသူ မြန်မာနိုင်ငံသားတွေကမြန်မာဆိုတဲ့ ဆိုင်းဘုတ်အောက်မှာ ငါတို့လည်းပါဝင်တယ်ဆိုတာအသိတရားနဲ့ လုပ်ဆောင်သွားမယ်ဆိုရင်နိုင်ငံတကာပိဋကတ်သုံးပုံရွတ်ဖတ်ပူဇော်ပွဲ အောင်အောင်မြင်မြင်ဦးဆောင်နိုင်မှာ..မြန်မာပင်ဖြစ်ပေသည်။…
            ………အိပ်ရာမှ ထရမည်လော….အသိတရားမှထရမည်လော…စည်းလုံးရေကင်းမူမှ ထရမည်လော..
မြန်မာဆိုသော ဆိုင်းဘုတ်အောက်မှာရှိသောမြန်မာလူမျိုးသည် သင်ပါသလော..ငါပါသလော..တွေးတော
လောက်သည့် အမျိုးဂုဏ် ဇာတိဂုဏ်ပျောက်လောက်အောင် အသိတရားမကင်းမဲ့လောက်ပါဘူး
 အမိမြန်မာပြည်ကိုနေခဲ့ဖူးသူတွေဆိုရင် အမိမြန်မာပြည်ကို နိုင်ငံတကာမှာမျက်နှာမငယ်အောင်လုပ်ဖို့တော့
တာဝန်ဆိုတာထက် အသိတရားကိုဖြစ်ပေါ်နေရမည်။    မြန်မာဆိုသည်မှာ ကယား ကရင် ကချင်း ရှမ်း ရခိုင်
ဗမာ ပအိုလ် ပလောင် ချင်း စသော တိုင်းရင်းသားတွေစုပေါင်းကာမှ မြန်မာပြည်သူ မြန်မာပြည်သားဟုခေါ်ဆိုခြင်းဖြစ်ပေသည်။…ရွှေမြန်မာ…ရွှေမြန်မာ..လိုခေါ်နေ ပြောနေတာက             သင့်က မြန်မာလား?လိုမေးတာနဲ့အတူတူပါပဲ…
  စာရေးသူတို့က မြန်မာဆိုတဲ့ ဆိုင်းဘုတ်အောက်က ငါဆိုတဲ့ မြန်မာမပျောက်ရအောင်ကြိုးစားရမည်။
မြန်မာပြည်သူ မြန်မာပြည်သားတွေက မြန်မာပြည်ကိုဂုဏ်မငယ်ရအောင် အားလုံးသောမြန်မာပြည်သူ  မြန်မာပြည်သားတို့က စွမ်းနိုင်သလောက် စိတ်အားထက်သန်သလောက်  ကြိုးပမ်းစေလိုပါသည်။  ဒီလိုဆောင်ပါးဖြင့် တတ်နိုင်သလောက်    နှိုးဆော်တိုက်တွန်းအပ်ပါသည် ။           ရွှေမြန်မာဟုဆိုသောတိုင်းရင်းသားများက မြန်မာဟူသောဆိုင်းဘုတ်အောက်မှာ နေထိုင်ရာဖြစ်သောကြောင့် တူညီစွာလက်တွဲလိုအောင်ပွဲခံရမည်။ဒီအတွက်ကြောင့် တိုင်းရင်းသားညီအစ်ကိုများဖြစ်ကြသော
နောင်တော် ညီတော်များတို့။
  စာဖတ်သူအားလုံးရွှင်လန်းချမ်းမြေ့ကြပါစေ  ကာယသုခ စိတ္တသုခနှင့်ပြည့်စုံကြပါစေ
ဆုတောင်းကြိုးစားလျှက်။                                                                          ဖိုလေးလုးံ=၂၁.၁၂.၂၀၁၁